Part ( 2) 💚

16.1K 1K 4
                                    


ရှောင်းတိုင်းပြည် ဟာ ဆိုရင်ဖြင့်
စစ်အင်အား တောင့်တင်းလှပြီး
လူမှုစီးပွားရေး တွေ အဆင်ပြေတဲ့အတွက်
သာမန် တိုင်းပြည်များက ရှောင်း တိုင်ပြည်ကို မယှဉ် နိုင်ကြပေ။
စစ်အင်အား တောင့်တင်းမှုကို အကြောင်းပြု၍
နေရာသစ်များကို တိုးချဲ့ကြသည်။

ခမ်းနားကြီးကျယ်ပြီး မွန်မြတ်လှတဲ့ ရှောင်းနန်းတော်တွင်...
စစ်ရေးလေ့ကျင့်နေတဲ့ သားလေးကို ကြည့်ကာ
ရှောင်းဘုရင်မှ ဦးရီးတော်ကို...

" သားတော်လေးတောင် ဓားရေး တော်လာပြီ "

" မှန်လှပါ မင်းကြီး "

" လီရှင်း ငယ်ငယ်တုန်းနဲ့တောင် တူသေးတယ်နော်
ဦးရီးတော် " လို့ ပြောရင်း ဝမ်းနည်းတဲ့ မျက်ဝန်းတစ်စုံဟာ
ဓားရေး လေ့ကျင့်နေတဲ့ ကလေးကို ငေးကြည့်နေသည်။

" အတိတ်က အဖြစ်ဆိုးတွေကို မေ့လိုက်ပါ
မင်းကြီး... "

" ကိုယ်တော်သာ အဲ့တုန်းက အဲ့နေရာမှာ မရှိခဲ့ရင်
သူလည်းခုချိန်ဆို အသက်ရှင်နေရမှာ "

ဦးရီးတော် ရှောင်းကျင် ကလည်း အတိတ်က အကြောင်းအရာတွေ ခေါင်းထဲပေါ်လာပြီးမျက်ရည်များပင်ဝဲလာသည်။

ထိုအချိန် ဓားရေးလေ့ကျင့်နေတဲ့ မင်းသားလေး
သူတို့ ဆီ ပြေးလာပြီး...
" ခမည်းတော်နဲ့ ဆရာ
ဘာလို့ မျက်ရည်တွေ ဝဲနေတာလဲဟင် "

မင်းသားလေး မေးတော့မှ
ရှောင်းမင်းကြီးနှင့် ဦးရီးတော် ရှောင်းကျင်က
အတိတ်က လွမ်းဆွေးစရာ များကနေ လက်ရှိအချိန်သို့
ပြန်လည်ရောက်ရှိလာကြတော့သည်။

" ခမည်းတော်ဆီ လာပါအုံး သားတော် "
လို့ပြောကာ လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်ကာ
သားတော်လေးကို သူ့ရင်ခွင်ထဲသို့ ဝင်စေသည်။
၁၄ နှစ်အရွယ် သားတော်လေးကပဲ ထွားလွန်းတာကြောင့်လား
သူပဲ အသက်အရွယ်ရလာ၍ လားမသိ
သားတော်လေးကိုတောင် သိပ်မနိုင်ချင်တော့ပေ....

" ခမည်းတော်... "

" ဘာပြောစရာရှိလို့လဲ သားတော် "

" ခမည်းတော် ရဲ့ စာကြည့်တဲ့ အဆောင်မှာ
ဝမ်လီရှင်း ဆိုတဲ့ စာသားလေးထွင်းထားတာတွေ့လို့
ဝမ်လီရှင်းဆိုတာ ဘယ်သူလဲ ခမည်းတော် "

White Baby ( Completed)Where stories live. Discover now