နန်းတော်သို့ ပြန်ရောက်သောအခါ...
ရှောင်းဘုရင်နဲ့ မိဖုရားကြီးက ကြိုဆိုနေကြသည်။
" သားတော် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးမလား "" မရခဲ့ပါဘူး ခမည်းတော် "
"ဒါဆို ခမည်းတော်အဆောင်ကို လိုက်ခဲ့ပြီး
အဲ့နေရာရဲ့ အကြောင်းကို တင်ပြပါအုံး "ရှောင်းကျန့်လည်း ခမည်းတော်နှင့်အတူ အဆောင်ထဲသို့
လျှောက်လာလိုက်သည်။" သားတော် ဝမ်တိုင်းပြည်ရဲ့ နယ်စပ်ကအိမ်တစ်အိမ်မှာ
ဒါလေးတွေ့ခဲ့ပါတယ် "
လို့ပြောကာ သူ့အကျီၤထဲက သစ်သားပြားလေး ကို ထုတ်ပေးလိုက်သည်။
ရှောင်းဘုရင်လည်း ထိုသစ်သားပြားလေးမှာ
ပါတဲ့ စာတွေကို ဖတ်ကြည့်လိုက်သောအခါ" နယ်မြေတွေကို သိမ်းတာတွေ မလုပ်ပါတော့နဲ့
ရှောင်းချန် ၊ သူတို့ရဲ့ အိမ်လေးတွေကို စွန့်ခွာပြီး
တခြားတိုင်းပြည်ရဲ့ လယ်ကျွန်ဖြစ်ရမှာကို
ဘယ္သူက ဖြစ်ချင်မှာလဲ ၊ မိသားစုတွေနဲ့ ကြဲကြာမွာကို
မကြောက်တဲ့သူ မရှိဘူး ရှောင်းချန် ။
မင်းရဲ့ သတင်းတွေ ကြားလို့ ငါဒီစာ ရေးလိုက်တာပါ ။
မင်းရော ကလေးလေးတွေရနေပြီလား ။
ငါကေတာ့ သားလေးတစ်ယောက် ရနေပြီ
ဒါပေမဲ့ ကံမကောင်းပါဘူးကွာ သားလေးရဲ့
အေမက သားလေး ငယ်ငယ်လေးမှာပဲ
ဆုံးသွားရှာတယ် ။ သားလေးနာမည်က
ဝမ်ရိပေါ်တဲ့ နာမည်လေးက ကောင်းတယ်မလား...
#ဝမ်လီရှင်း...ရှောင်းဘုရင်လည်း စာဖတ်ပြီး နောက်ဘယ်တော့မှ
နယ်မြေသစ်တွေ မသိမ်းတော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက်
" သားတော်ကို ဝမ်နင်ကို လွှတ်လိုက်
သားတော်လည်း အဆောင်ပြန်လို့ရပြီ "" ဟုတ် "
ရှောင်းကျန့် ဝမ်နင်ကို ခမည်းတော်ဆီ လွှတ်လိုက်ပြီး
သူလည်း အဆောင်ဘက် ပြန်သွားလိုက်သည်။" ဝမ်နင် "
" အမိန့်ရှိပါ မင်းကြီး "
" ဝမ်လီရှင်းနဲ့ ဝမ်ရိပေါ် အကြောင်းစုံစမ်းပေး "
ရှောင်းဘုရင် ဝမ်နင်ကို အမိန့်ပေးပြီး
အတိတ္က အကြောင်းများကို ပြန်စဉ်းစားရင်း
စိတ်မကောင်းဖြစ်နေခဲ့သည်။