Part ( 14) Zawgyi 💚

5.2K 252 10
                                    

နန်းတော်သို့ ပြန်ရောက်သောအခါ...
ရှောင်းဘုရင်နဲ့ မိဖုရားကြီးက ကြိုဆိုနေကြသည်။
" သားတော် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးမလား "

" မရခဲ့ပါဘူး ခမည်းတော် "

"ဒါဆို ခမည်းတော်အဆောင်ကို လိုက်ခဲ့ပြီး
အဲ့နေရာရဲ့ အကြောင်းကို တင်ပြပါအုံး "

ရှောင်းကျန့်လည်း ခမည်းတော်နှင့်အတူ အဆောင်ထဲသို့
လျှောက်လာလိုက်သည်။

" သားတော် ဝမ်တိုင်းပြည်ရဲ့ နယ်စပ်ကအိမ်တစ်အိမ်မှာ
ဒါလေးတွေ့ခဲ့ပါတယ် "
လို့ပြောကာ သူ့အကျီင်္ထဲက သစ်သားပြားလေး ကို ထုတ်ပေးလိုက်သည်။
ရှောင်းဘုရင်လည်း ထိုသစ်သားပြားလေးမှာ
ပါတဲ့ စာတွေကို ဖတ်ကြည့်လိုက်သောအခါ

" နယ်မြေတွေကို သိမ်းတာတွေ မလုပ်ပါတော့နဲ့
ရှောင်းချန် ၊ သူတို့ရဲ့ အိမ်လေးတွေကို စွန့်ခွာပြီး
တခြားတိုင်းပြည်ရဲ့ လယ်ကျွန်ဖြစ်ရမှာကို
ဘယ်သူက ဖြစ်ချင်မှာလဲ ၊ မိသားစုတွေနဲ့ ကွဲကွာမှာကို
မကြောက်တဲ့သူ မရှိဘူး ရှောင်းချန် ။
မင်းရဲ့ သတင်းတွေ ကြားလို့ ငါဒီစာ ရေးလိုက်တာပါ ။
မင်းရော ကလေးလေးတွေရနေပြီလား ။
ငါကတော့ သားလေးတစ်ယောက် ရနေပြီ
ဒါပေမဲ့ ကံမကောင်းပါဘူးကွာ သားလေးရဲ့
အမေက သားလေး ငယ်ငယ်လေးမှာပဲ
ဆုံးသွားရှာတယ် ။ သားလေးနာမည်က
ဝမ်ရိပေါ်တဲ့ နာမည်လေးက ကောင်းတယ်မလား...
#ဝမ်လီရှင်း...

ရှောင်းဘုရင်လည်း စာဖတ်ပြီး နောက်ဘယ်တော့မှ
နယ်မြေသစ်တွေ မသိမ်းတော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက်
" သားတော်ကို ဝမ်နင်ကို လွှတ်လိုက်
သားတော်လည်း အဆောင်ပြန်လို့ရပြီ "

" ဟုတ် "

ရှောင်းကျန့် ဝမ်နင်ကို ခမည်းတော်ဆီ လွှတ်လိုက်ပြီး
သူလည်း အဆောင်ဘက် ပြန်သွားလိုက်သည်။

" ဝမ်နင် "

" အမိန့်ရှိပါ မင်းကြီး "

" ဝမ်လီရှင်းနဲ့ ဝမ်ရိပေါ် အကြောင်းစုံစမ်းပေး "

ရှောင်းဘုရင် ဝမ်နင်ကို အမိန့်ပေးပြီး
အတိတ်က အကြောင်းများကို ပြန်စဉ်းစားရင်း
စိတ်မကောင်းဖြစ်နေခဲ့သည်။

White Baby ( Completed)Où les histoires vivent. Découvrez maintenant