ရှောင်းဘုရင်
ဝမ်ဘုရင်ထံသို့ စစ်ေၾကာ္ျငာ
စာပို့လိုက်သည်။
သို့ပေမဲ့လည်း အချိန်က အရမ်းနီးနေတဲ့အတွက်ကြောင့်ပင်
ဝမ်ဘုရင်မှာ ပြင်ဆင်ချိန်မရလိုက်။ ဒါပေမဲ့လည်း
သူ နယ္စပ္ကို ကာကွယ်ရန် ရဲမက်များကို
ထိုနေရာသို့ စေလွှတ်လိုက်သည်။
ခိုင်မာတဲ့ ခံတပ္ကို ပြင်ဆင်ချိန်လည်းမရခဲ့ ။
ထိုနေရာသို့ ရောက်ရန်လည်း ၅ ရပးက်ခန့် ကြာအုံးမည်။
ရှောင်းတိုင်းပြည်က နောက် ၂ ရက္ဆို လာတိုက်ကြတော့မယ် ။ သူမည်သို့ လုပ်ရတော့မည်နည်း....၂ ရက်ကြာသောအခါ...
မင်းသားရှောင်းကျန့် ဦးဆောင်ပြီး
ရှောင်းတိုင်းပြည် ရဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့
ဝမ်တိုင်းပြည်ရဲ့ နယ်စပ်ဖြစ်တဲ့ ဒေသကို သိမ်းပိုက်ရန်
မြင်းကိုယ်စီဖြင့် ချီတက်လာကြသည်။ ရဲမက်များက
တွေ့သမျှ အပင်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းနေကြသည်။ရှောင်းတိိုင်းပြည်၏ မြို့တော်နှင့် ဝမ်တိုင်းပြည်ရဲ့
နယ်စပ်နှင့်က အရမ်းမဝေးလွန်းတာကြောင့်
ညနေချိန်တွင် ဝမ်တိုင်းပြည်၏ နယ်စပ်သို့
ရောက်ကြမည်။ရှောင်းတိုင်းပြည်၏ နန်းတော်တွင်
" မင်းကြီး မင်းသားရှောင်းကျန့်ကို အဲ့နေရာလွှတ်တာ မသင့်တော်ဘူးထင်ပါတယ် မင်းကြီး "" အိမ်း ငါကိုယ်တော် သိပါတယ်
ဒါပေမဲ့ မင်းသားတစ်ယောက်အနေနဲ့ နယ်မြေလေး
တစ်ခုကိုတော့ သိမ်းရမယ်လေ "အမတ်ကြီးများလည်း ဘာမှမပြောကြတော့ပဲ
ငြိမ်နေလိုက်ကြသည်။ သူတို့ မင်းကြီး အကြောင်းကို
ကောင်းစွာသိနှင့်ပြီးသာဖြစ်သည်။
နယ်မြေသစ်တွေ သိမ်းတာဟာ
ကလေးတွေ စွန်လွှတ်တာလောက်တောင်
ခက်မည်ပင် မထင်တော့ပေ။ညေန ရောက်သောအခါ...
ရှောင်းကျန့်တို့ တောစပ်နေရာသို့ ရောက်လာ ခဲ့ပြီ။
သို့သော်လည်း ဗိုက်ထဲက တဆစ်ဆစ်နဲ့
အောင့်နေတာမို့ ရှောင်းကျန့်ရှေ့သို့ သွားရန်
ခက်ခဲသွားသည်။ ဗိုက်ထဲသို့ အချွန်တစ်ခုခုနဲ့
ထိုးနေသလိုပင် နာကျင်ပြီး အောင့်လာတာကြောင့်
ချွေးများက နဖူးမွာ စီးကျနေပြီ ။