Extra- 3

5.8K 362 5
                                    

မနက်မိုးလင်းသောအခါ ကြေးငှက်သံတို့ကြောင့်
ရိပေါ် နိုးလာတယ်။
ခုနောက်ပိုင်း အချိန်တွေဟာ သူ့အတွက် နေရတာ စိတ်ချမ်းသာသည်။
မနက်ရောက်ရင် နွေးထွေးလွန်းတဲ့ ရင်ခွင်ကျယ်ကြီးထဲမှ
နိုးထရတယ်။
ညဆိုလည်း ချစ်ရသူရင်ခွင်မှာ နွေးထွေးလုံခြုံစွာ မှေးစက်ခွင့်ရတယ်။
အချိန်တိုင်းလိုလိုဟာ ချစ်ရတဲ့ မင်းကြီးနားမှာ
အမြဲရှိနေတယ်။

အိပ်ရာထက်မှ ထလိုက်တော့ သူ့လက်ကို
ဆွဲပြီး ရင်ခွင်ထဲ ပြန်ထည့်တာခံရသည်။
" အစောကြီး ရှိသေးတယ်လေ အသဲလေးရဲ့ "
မင်းကြီးရဲ့ တစ်ခါတလေ ခေါ်တဲ့ နာမ်စားတွေဟာ
သူ့အတွက် ကြက်သီးထလောက်အောင်ပင်
ရင်ကိုတုန်ခါစေသည်။

" မစောတော့ဘူး  ကောရဲ့
နောက်တောင်ကျနေပြီ လေ ၊ အဘွားဆီ သွားဖို့က "

" အာ...ဟုတ်သားပဲ ကိုယ်လဲ ထပြီ
ဒါနဲ့ ကောလို့ ခေါ်လို့ အပြစ်ပေးရအုံးမယ် "
ဆိုကာ နဖူးပေါ် ကျရောက်လာတဲ့
ခပ်နွေးနွေး အငွေ့အသက်လေး...

ဝတ်ရုံရှည်ကို လွှမ်းခြုံထားတဲ့ မင်းကြီးရှောင်းကျန့်ရဲ့
ခန့်ညားမှုကို သူ ငေးကြည့်နေမိသည်။
အချိန်အတန်ကြာလောက်အောင်ပင်...

" ကိုယ့် ကို ခါးစည်းပေးပါအုံး နှလုံးသားလေးရဲ့ "

" ပိုပြန်ပါပြီ "
လို့ ပြောကာ ခါးစည်းကြိုးကို ချည်ပေးလိုက်ပါတယ်

" မြင်းနဲ့သွားမှာလား လှည်းယျာဉ်နဲ့ သွားမှာလား "

" မြင်းနဲ့ပဲ သွားမယ်လေ တခြားသူတွေ ပင်ပန်းကြပါအုံးမယ် "

" ကိုယ့်တော့် ကလေးလေးက အသဲတွေယားအောင်လုပ်နေပြန်ပြီ ချစ်လိုက်တာ "
လို့ ပြောရင်း လက်က ပါးဖောင်းလေးတွေကို
မနာအောင် ဖျစ်လိုက်သည်။

" ဘာမှလည်း မလုပ်ဘဲနဲ့ကို...
သွားကြရအောင် နောက်ကျနေအုံးမယ် "

မင်းကြီး ရှောင်းကျန့်နဲ့ ကြင်ယာတော်တို့ နန်းတော်အပြင်
ထွက်တော့ ကိုယ်ရံတော် တပ်ဖွဲ့ကလည်း နောက်မှတစ်ပါတည်း လိုက်ကြသည်။

မြင်းအပို ရှိနှင့်သားပေမဲ့ အချစ်တွေ လွန်ကဲနေတဲ့
မင်းကြီးကတော့ ကြင်ယာတော်လေးကို သူနဲ့အတူ
မြင်းတစ်ကောင်ထဲ စီးစေသည်။
အရင်ကလည်း နှစ်ယောက်ခရီးသွားရင် မြင်းကောင်းတစ်ကောင်ကိုသာ နှစ်ယောက်အတူ
စီးစေတယ်။
အကြောင်းကတော့ ကြင်ယာတော်ဝမ်ကို အမြဲ
ရင်ခွင်ထဲ ထည့်ထားချင်လို့ပင်။

White Baby ( Completed)Tempat cerita menjadi hidup. Temukan sekarang