Part ( 11) Unicode❤

6.9K 444 4
                                    


နောက် ၂ ရက်ကြာသောအခါ...
ရှောင်းကျန့်လည်း လက်မောင်းက ဒဏ်ရာနဲ့
ခါးနာတာလည်း ပျောက်သွားပြီ။
ထို့ကြောင့် နန်းတော်ပြန်ရန် ရိပေါ်ကို
နှုတ်ဆက်ရတော့မယ်။
မနှုတ်ဆက်ချင်သေးပေမဲ့လည်း
နှုတ်ဆက်ရတော့မည်။
နောက် အချိန်တစ်ခုရောက်ရင်တော့
ပြန်တွေ့ချင်ပါသေးတယ် အဖြူရောင်ကောင်လေး...
ရှောင်းကျန့် ရိပေါ်ကို နှုတ်ဆက်ရန် စကားစလိုက်သည်။

" ရိပေါ် "
လို့ ခေါ်လိုက်တော့ အဝတ်တွေကို ရေစိမ်နေရင်း
ရိပေါ် က သူ့ကို လှမ်းကြည့်နေသည်။

" ဘာပြောမလို့လဲကော "
သူ ဘယ္က စပြောရင်ကောင်းမလဲ
နန်းတော်မှာဆို အချိန်တိုအတွင်း
အမိန့်တစ်ခုကို မှန်ကန်စွာမိန့်နိုင်ပေမဲ့
ဒီကောင်လေးကို နှုတ်ဆက်ဖို့ကျ စကားလုံးတွေ
ထွက်မလာ ။ သူကိုယ်တိုင်လည်း မနှုတ်ဆက်ချင်
သေးတာကြောင့်လည်း ဖြစ်မည်၊၊ ဒီရက်ပိုင်းလေး
အတွင်းမှာပင် သူ အဖြူရောင်ကောင်လေးကို
သံယောဇဉ်ဖြစ်မိသွားတယ်။ မရင်းနှီးတဲ့ သူတွေကိုဆို
စကားသိပ်မပြောတဲ့သူဟာ ရက်ပိုင်းလေးအတွင်းမှာပဲ
ကောင်လေးတစ်ယောက်ကို ကယ်ခဲ့တဲ့ သူဖြစ်တာကြောင့်လားတော့ သူလည်း မသိ။

" ဟို ကိုယ် ပြန်တော့မယ်
အဲ့ဒါ ရိပေါ်ကို နှုတ်ဆက်မလို့ "

ထိုအခါ ရိပေါ်က စိမ်နေတဲ့အဝတ်ကို
ရေဖလားထဲ ပြန်ထည့်လိုက်ပြီး
သူ့ရှေ့ လာရပ်လိုက်သည်။
" ဘယ်အချိန် ပြန်မှာလဲ ကော "

" ညနေလောက် ပြန်ဖြစ်မယ်
အရာရာ ဂရုစိုက်နော် ရိပေါ်
ဟိုသားအမိကိုလည်း တော်ရုံပဲ
သည်းခံ "

" အင်း...
ညေန တောစပ်ကို လိုက်ပို့ပေးမယ်လေ
မြင်းကျောင်းရင်း "

" ဟုတ်ပါပြီ "

ညေန ရောက်သောအခါ...
ရှောင်းကျန့်ကို ရိပေါ် မြင်းနှင့်
သူ့ကို တွေ့ခဲ့သည့် တောစပ်သို့ ပို့ပေးလိုက်သည်။
တောစပ်ရောက်တော့
ခေါင်းဆောင်ဖြစ်ဟန်တူသည့်
လူတစ်ယောက်နဲ့ ရဲမက်ဝတ်စုံ ဝတ်ဆင်ထားတဲ့
လူတချို့ကို တွေ့လိုက်ရတယ်။
ဘယ်သူတွေလဲတော့ သူမသိပေမဲ့
မြင်းပေါ်က ဆင်းသွားတဲ့ ကောကို
ထိုလူမ်ားက အရိုသေပေးနေကြသည်။
ပြီးတော့ သူ့ကိုလည်း ကြည့်ပြီး
တောထဲကိုလည်း စူးစမ်းတဲ့မျက်လုံးတွေနဲ့
ကြည့်နေတဲ့ ရဲမက်တွေကိုတော့ သူခပ်လန့်လန့်
ဖြစ်နေသည်။
ကောက ရှောင်းတိုင်းပြည်ကမလား
ထိုရဲမက်တွေကလည်း ရှောင်းတိုင်းပြည်ရဲ့
ရဲမက်တွေပေါ့ ။ ပါး မဆုံးမီက သူ့ကို ပြောဖူးသေးသည်။
ရှောင်းတိုင်းပြည်က လူတွေနဲ့ မပတ်သက်မိစေနဲ့တဲ့လေ ။
တောင်းပန်ပါတယ်ပါး...

White Baby ( Completed)Where stories live. Discover now