ရိပေါ်ခြေသလုံးက ဒဏ်ရာများကြောင့်
ရေချိုးရာတွင် ခြေသလုံးမှ စပ်လာသည်။
ခြေသလုံး စပ်နေသော်လည်း အားတင်းပြီး
ရေချိုးလိုက်သည်။
ရေချိုးပြီးသောအခါ ထမင်းတစ်ပန်ကန်နဲ့ ကြက်ဥပြုတ် တစ်ခြမ်းနှင့် ထမင်းစားပြီး...
ခြေသလုံးမှာ အနီရောင်အရှိုးရာများကို
ဆေးထည့်လိုက်သည်။
ထို့နောက် သူ့အခန်းထဲမှ ဖျာလေးပေါ်မှာ
လှဲရန်ပြင်လိုက်သည်။" ဝမ်ရိပေါ်...
ဟဲ့ကောင်လေး ဘယ်ရောက်နေလဲ ငါ့ခြေထောက်ကို
နှိပ်ပေးအုံး "
ဆိုတဲ့ ကျင်ဟာရင်ရဲ့ အသံကြောင့်
ရိပေါ် ဟာ သူ့အခန်းထဲမှ ထွက်လာပြီး" ဟုတ် မေမေလေး "
ဆိုကာ ကျင်ဟာရင် ၏ ခြေထောက်တွေကို နှိပ်ပေးလိုက်သည်။
ပါးပါးကလည်း ဒီနေ့မှ နောက်ကျလိုက်တာ...
ငါ့ခြေထောက်ကလဲ နာနေပြီ အနားယူချင်လိုက်တာရိပေါ် အတွေးမဆုံးလိုက်ခင် ခေါင်းပေါ်ကို ကျလာတဲ့အသံတစ်သံ...
" ခွပ်...!" ဘာတွေ တွေးနေတာလဲဟမ်...
ငါ့ခြေထောက်ကို ဘာလို့ တအားဖျစ်လိုက်တာလဲ
ငါ့ကို တော်တော် အမြင်ကပ်နေလား ရိပေါ်"" မဟုတ်ပါဘူး မေမေလေး "
ထိုစဉ်...
" ရိပေါ်.... ရိပေါ်..."
အသံကြားရာ ကြည့်လိုက်တော့
အိမ်ရှေ့ကို ပြေးလာတဲ့ ကျန်းချန်..." ဘာဖြစ်လို့လဲ ကျန်းချန် "
" မင်းအဖေ... တောထဲမှာ.."
" ပါး....ပါး...ဘာဖြစ်လို့လဲ "
" ပိုးထိ သွားလို့... မြန်မြန်လိုက်သွား
အသက်မှီအုံးမလားမသိဘူး "" ဘာ.... "
ရိပေါ် ဖိနပ်စီးကာ ကျန်းချန်နောက်သို့
အမြန်ပြေးလိုက်သွားသည်။
ခြေထောက်မှ နာကျင်မှုကိုလည်း ခံစားရသည်။
သို့သော်လည်း နားကျင်မှုကို ဥပေက္ခာ ပြုလိုက်တယ်။
ပါး... သူ့စိတ်က ပါးပါး ဆီကိုသာ ရောက်နေသည်။
ပါးရယ် ကျေးဇူးပြု၍ သားကို မထားခဲ့ပါနဲ့နော်
လို့သာ ဆုတောင်းနေမိသည်။ကျင်ဟာရင် တို့ သားအမိကတော့
လိုက်လာလား လိုက်မလာဘူးလား
ဆိုတာကို တော့ သူ ဂရုမစိုက်...သူပြေးလာခဲ့တာ ၁ နာရီ ကြာတဲ့အခါ
မြေပြင်ပေါ်မှာ ပီနံအိတ်တွေ ခင်းထားပြီး
ပီနံအိတ် ပေါ်တွင် လှဲနေသော သူ့ရဲ့ ပါးကို တွေ့ရသည်။
ပါးရဲ့ ပုံစံကို ကြည့်ရင်း
သူ့ရင်ဘတ်တွေ နာကျင်လာသည်။
တစ်ဆစ်ဆစ်နဲ့ နာကျင်နေသော ရင်ဘတ်ကို
ဖိကာ ပါးရဲ့ အနားသို့ အမြန်ပြေးသွား လိုက်တယ်" သား ကို ပါး စိတ်...ချ..လို့ရ...တယ်မ....လား..
ဟူ၍ လီရှင်းဟာ တစ်လုံးချင်းစီ အားယူကာ ပြောလိုက်သည်။" ပါး... ပါး ဘယ်ကိုမှ မသွားရဘူးနော်...
သားမှာ ပါး တစ်ယောက်ထဲ ရှိတာလေ "" ပါး တောင်း...ပန်...ပါ..တယ်...
သားလေး..ဒီစာလေးကို... ရှောင်းချန်ဆိုတဲ့ သူ..
အသက်...ရှင် နေ..သေး..ရင်
သူ့ကို...ပေး..ပေး...ပါ "
ဟု ပြောရင်း မျက်လုံး မှိတ် သွားတော့သည်။" ပါး......."
ရိပေါ်ဟာ သူ့ရှေ့မှ ဖခင်ရဲ့ ခန္ဓာကိုယ် ကို ဖက်ပြီး
ငိုနေသည်၊။ကျန်းချန်က ရိပေါ်ရဲ့ ပုခုံးလေးကို ဖက်ကာ နှစ်သိမ့်ပေးနေသည်။
" ကျန်းချန် ငါ့မှာ...သွေးသားရင်းဆိုလို့
ပါးပဲ ကျန်တော့တာလေ
ခု ပါးကလည်း...."
ရိပေါ် ရှိုက်ငိုရင်း စကားများကို တုန်ယင်စွာ
ပြောနေသည်။Thank you ❤
Love you all❤
ို