Part ( 8) 💚
ရိပေါ်က အသက် ၈ နှစ်သားလေး မဟုတ်တော့ပါဘူးနော် ၁၉ နှစ်ရှိပါပြီ ။
ရိပေါ် အိမ်ရောက်သောအခါ...
ရှောင်းကျန့်ကို နှိုးပြီး လိုက်သည်။" ကော ထတော့ အိမ်ရောက်ပြီ "
ရှောင်းကျန့်လည်း နှိုးလာပြီး မြင်းပေါ်က ခုန်ဆင်းဖို့လုပ်လိုက်သည်။
သို့သော် သူ့လက်ကို လာကိုင်တဲ့ လက်ကလေးတွေကြောင့်
သူ မြင်းပေါ်က ခုန်မချခဲ့..." ကော ခုန်ချလို့်ရလို့လား "
" အာ...မရသေးဘူး
ကော မေ့ပြီး ခုန်ချဖို့လုပ်လိုက်တာ "ရိပေါ် မြင်းပေါ်မှ အရင်ဆင်းလိုက်ပြီး
ရှောင်းကျန့်ကို လက်လှမ်းပေးလိုက်သည်။
ရှောင်းကျန့် ရိပေါ်လက်ကလေးကို
ကိုင်ပြီး ဖြေးဖြေးချင်းမြင်းပေါ်မှ ဆင်းလာလိုက်သည်။
သူကိုင်ထားတဲ့ လက်ကလေးတွေက နူးညံ့နေတာမို့
ရှောင်းကျန့်ပြန်ပြီး လက်မလွှတ်ပေးလိုက်မိသေး..." ဟို...ကော ကျွန်တော့်လက်တွေကို လွှတ်ပေးပါလား
ကောမတ်တပ်မရပ်နိုင်ရင် ဒီသစ်သားတုတ်လေးကို ကိုင်ထားနော် ကျွန်တော် မြင်းချည်လိုက်အုံးမယ်
ခနလေးနော်ကော "" အင်း "
ရိပေါ်သတိပေးလိုက်မှ သူ ရိပေါ်လက်ကို
လွှတ်ပေးလိုက်သည်။ ထို့နောက် ရိပေါ်ပေးထားတဲ့
သစ်သားတုတ်လေးကို အားပြုပြီး မတ်တပ်ရပ်လိုက်သည်။
အမှန်တော့ သူမတ်တပ်ရပ်နိုင်တယ်...
ဒါပေမဲ့ ရိပေါ်ဆိုတဲ့ အဖြူထည်ကောင်လေးရဲ့
ဂရုစိုက်တဲ့ပုံလေးကို သဘောကျပြီး
ပိုဂရုစိုက်အောင် အားပျော့ချင်ယောင်ဆောင်လိုက်ခြင်းဖြစ်သည်။" ကော... လာလေ ကျွန်တော့် တွဲပေးမယ်လေ "
ဆိုပြီး သူ့လက်မောင်းကို လာတွဲတဲ့ ကောင်လေးကြောင့် ရှောင်းကျန့် လည်း အလိုက်သင့်
လမ်းလျှောက်ပြီး အိမ်ထဲ ဝင်လိုက်သည်၊၊
အိမ်လေးကတော့ အကျယ်ကြီး မဟုတ်ပေမဲ့
ဝါးထရံလေးကာပြီး သက်ငယ်လေးတွေ မိုးထားကာ
သပ်ရပ်သည်။ အခန်းလေးတွေလည်း ကန့်ထားသေးသည်၊၊
သူတို့ ၂ ယောက် အခန်းလေး တစ်ခန်းအရှေ့ အရောက်...