Part ( 9) 💚
ရိပေါ် နိုးလာတော့ သူ့ခါးပေါ်သို့
ဖက်တွယ်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်ကို ဖယ်လိုက်ပြီး ခြင်ထောင်ထဲက ထွက်လိုက်တယ်...
မျက်နှာသစ်ပြီး ဒိန်ခဲတွေ လိုက်ပို့ရန်
ရှင်းဟန် တို့ ကုန်စည်ဒိုင်သို့
သွားလိုက်သည်။
ထို့နောက် ဒိန်ခဲ ထုပ်ကြီး ကို သယ်ကာ
တစ်အိမ် ပြီး တစ်အိမ် လိုက်ပို့ပေးသည်။ဒိန်ခဲ ပို့ပေးပြီး ပြန်အလာ
သူဋေး ရှင်းဟန်က သူ့ကို ပေါက်စီ
တစ်လုံးပေးပြန်သည်။
သူလည်း ပေါက်စီလေး စားလာရင်း
အိမ်သို့ ပြန်လာခဲ့သည်။အိမ်ပြန်ရောက်တော့ သူ့ပုံမှန် အလုပ်တွေဖြစ်တဲ့
ရေခပ် ၊ ထမင်းအိုးတည် ၊ ရေနွေးအိုး တည်နေသည်။" ဟူး...တစ်ခါတလေ အိပ်ရေးဝအောင် အိပ်ချင်လိုက်တာ "
ရိပေါ် တစ်ယောက်ထဲ ပြောလိုက်မိသည်။
ဒါပေမဲ့လဲ နောက်မှ..
"ဲ့ နင်က ဘယ်အချိန်ထိ အိပ်ချင်နေတာလဲ
မနက် ၄ နာရီ ဆိုတာ လူထရမယ့်အချိန်လေ
နင်က အဲ့ထက် ပိုပြီး အိပ်ချင်ရအောင်
နင်က ဘယ်လောက်ရှာနိုင်နေလို့လဲ "ရှောင်းကျန့် သူ့ခြေရင်းဘက်မှ
အော်သံများကြောင့်နိုးလာသည်။
အသံများကို နားထောင်လိုက်တော့
သူ့ရဲ့ အဖြူထည်ကောင်လေးကို
မနေ့က အဒေါ်ကြီး ဆူနေတဲ့အသံ...
ဒါကြောင့် ခြင်ထောင်ထဲက ထွက်ပြီး
အောက်ဆင်းလာသည်။
ညတုန်းက ဆေးရှိန်ကြောင့် လက်မောင်းနဲ့
ခါးက သက်သာလာတယ်..." ဟူး.... "
ရှောင်းကျန့် လေတစ်ချက် မှုတ်တုတ်လိုက်ပြီး...
ပြတင်းပေါက်နားမှာပဲ မတ်တပ်ရပ်ပြီး
ကြည့်နေလိုက်သည်။
ဒီ့ထက် ကောင်လေးကို
ထို အဒေါ်ကြီး ဆူတာ ပိုဆိုးလာရင်တော့
သူ တားရတော့မည်..." ဟုတ်တယ် ကျွန်တော်က အများကြီး
ရှာမပေးနိုင်ဘူး ဒါပေမဲ့ ကျွန်တော် ရှာလို့ရတဲ့ လုပ်အားခတွေနဲ့ပဲ မေမေလေးတို့ သားအမိ စားနေရတာမလား "" ဘာ...ဝမ်ရိပေါ်... ဘယ်သူ့အားကိုးနဲ့ ငါ့ကို
ပြန်ပြောနေတာလဲ "" ဘယ်သူမှ အားကိုးမရှိဘူး
သည်းခံတာတွေ များရင် တစ်ချိန်ကျ ပေါက်ကွဲတက်လို့ပါ မေမေလေး "