Extra- 1 ( Zawgyi+ Unicode)

7.5K 479 11
                                    


Zawgyi

မနက်ခင်း နေရောင်ခြည်လေးနှင့်အတူ
အဖြူရောင်ဝတ်စုံလေးနှင့် ကြင်ယာတော်ဝမ်လေးဟာ
မင်းကြီးရှောင်းကျန့်၏ အဖိုးမဖြတ်နိုင်သော မြတ်နိုးရာလေးပင်ဖြစ်သည် ။ မျက်နှာနုနုလေးအပေါ် ကျရောက်နေသော နေရောင်ခြည်လေးနှင့်အတူ ကြင်ယာတော်ဝမ်ဟာ ချစ်စရာအတိ။
အရှေ့ဘက် ပြတင်းပေါက်လေးနားမှာ မတ်တပ်လေးရပ်ပြီး
အပြင်ဘက်ကို ငေးကြည့်နေသော ကြင်ယာတော်လေးနားသို့ လျှောက်လာပြီး....

" ဘာတွေ ငေးမောနေတာလဲ ကိုယ်တော့် အသဲနှလုံးလေးရဲ့ "

" ဟိုးမှာကြည့် ကော ငှက်ကလေးတွေ အသိုက်ဆောက်နေတာ "
လို့ပြောကာ သစ်ပင်တစ်ပင်ပေါ် လက်ညိုးထိုးပြသည်။

" ဟုတ်ပါ့နော် ငှက်ကလေးတွေတောင် အသိုက်ဆောက်ကုန်ပြီ မိုးရာသီတောင် ရောက်တော့မှာပဲ "

" ဟုတ်တယ်ကော မိုးရာသီရောက်တော့မှာ
ပြီးတော့ သူတို့မှာ မိသားစု ဆွေမျိုးတွေနဲ့နော် "
မျက်နှာလေးညှိးပြီး ပြောလာတဲ့ ကြင်ယာတော်ကြောင့်
မင်းကြီးရှောင်းကျန့်ဟာ အမြန်ပဲ ရင်ခွင်ထဲ ထည့်လိုက်ပြီး...

" စိတ်မကောင်းမဖြစ်ပါနဲ့ ကလေးမှာလဲ မိသားစု ရှိနေပြီလေ
ကောတို့ နောက်နေ့ ကလေးရဲ့ ပါး အရိုးအိုးမြှပ်ထားတဲ့ နေရာကိုသွားပြီး ကန်တော့ကြမယ်နော် "

" ဟုတ် "

" ဒါဆို ကောကို ပြုံးပြပါအုံး "
ထိုအခါမှ ပြုံးပြလာသော ရိပေါ်ပင်။...

" ကော ညီလာခံ သွားရအုံးမယ်
ပြင်ဆင်ပေးအုံးနော် "

" အင်း "

မင်းကြီး ရှောင်းကျန့် ရေချိုးဆောင်ထဲ ဝင်သွားပြီး
ကိုယ်သန့်စင်နေသည်။
* ညီလာခံပြီးရင် စစ်သူကြီး ဝမ်နင်ကို ကြင်ယာတော်ဝမ်၏ ဆွေမျိုးများအကြောင်းကိုလည်း စုံစမ်းခိုင်းရအုံးမည်*
ဟု တွေးတောနေသည်။
ထို့နောက် အချိန်မည်မျှ ကြာသွားလဲ မသိ...

" ကော... ရေချိုးလို့ မပြီးသေးဘူးလား "
ဟု ပြောလာသော ကြင်ယာတော်ဝမ်၏ အသံလေးကြားမှ
သတိပြန်ဝင်လာသည်။ မှူးမတ်များရှေ့တွင်သာ အရှင်လို့ခေါ်စေကာ၊
နှစ်ယောက်ထဲရှိသောအချိန်တွင်
တော့ ' ကော ' ဟူ၍သာ ခေါ်စေပြီး...
' ကော ' လို့ခေါ်တဲ့ အသံလေးကလည်း ချစ်စရာကောင်းလွန်းနေသည်။

White Baby ( Completed)Where stories live. Discover now