" လက်ပေး "
" အမ် "" သြော် ရိပေါ်လက်ပေးလို့ ကော မြင်းပေါ်တင်ပေးမလို့ "
" မြင်းတစ်ကောင်ထဲ အတူစီးရမွာလား "
" မြင်းမှ အပိုမပါတာ ကောနဲ့မလိုက်ချင်လည်း
တခြားရဲမက် တစ်ယောက်နဲ့လိုက်လို့ရတယ် "" ဟင့်အင်း ကောနောက်ကပဲ လိုက်မှာ "
ရှောင်းကျန့်၏ စိတ်ထဲတွင်တော့
- သူ့ကို ရင်ခွင်ထဲထည့်ပြီး နောက်ကနေ ဖက်ထားချင်ပါတယ်ဆိုမှ ခုသူက နောက်ကလိုက်မယ်တဲ့
ရိပေါ်ရေ မင်းက တကယ့်လူဆိုးလေးပဲ" မရဘူး "
" ဟမ် ဘာဖြစ်လို့လဲ "
" နောက်မှ မရဘူး ရှေ့မှာထိုင် "
" သြော် ဟုတ် "
ရိပေါ် မြင်းပေါ်တက်ပြီး ထိုင်လိုက်သောအခါ
ရှောင်းကျန့်တွေးထားသည့်အတိုင်း သူ့ရှေ့မှ
ရိပေါ်၏ ကိုယ်လေးကို ရင်ခွင်ထဲ ထည့်ပြီး
မြင်းနှင်လေသည်။ရိပေါ်ပါးလေးတွေကို ကိုင်ကြည့်တော့
အရင်လို ပါးဖောင်းလေးတွေ မဟုတ်တော့ပဲ
အနည်းငယ် ချောင်နေပြီ။
နန်းတော်ရောက်မှ အစားတွေ အများကြီး
စားခိုင်းပြီး ပါးလေးတွေ ပြန်ဖောင်းလာရင်တော့
နှာခေါင်းနစ်ဝင်အောင် အသားကုန် နမ်းပစ်အုံးမည်။" အစားမစားဘူးလား "
" စားပါတယ် "
" ပါးလေးတွေ ချောင်သွားလို့ "" သြော် နည်းနည်းချောင်သွားတာ
အိပ်မပျော်လို့ပါ "" ဘာဖြစ်လိုလဲ ကောကို လွမ်းလို့လား "
" အင်း "
" ချစ်ဖို့ ကောင်းလိုက်တာ "
ဆိုကာ ရိပေါ်၏ ဆံပင်လေးကို နမ်းလိုက်သည်၊၊ရှောင်းကျန့်တို့ နန်းတော် ပြန်ရောက်သောအခါ
ခမည်းတော်နှင့် မယ်တော်တို့က ပျော်ရွှင်စွာနှင့် ကြိုဆို်နေကြသည်၊၊
ရဲမက်များနှင့် နန်းတွင်းသူများကလည်း ပျော်ရွှင်နေတဲ့
မျက်နှာလေးတွေနှင့် ဂါဝရ ပြုနေကြသည်။ခမည်းတော်နှင့် မယ်တော်တို့ကို စကားခနပြောပြီး
ဂါဝရ ပြုကာ အဆောင်သို့ ပြန်လိုက်သည်။
ရှောင်းကျန့်
အဆောင် တံခါးသေချာပိတ်လိုက်ပြီး