Part (19) Unicode❤

6K 364 2
                                    


မင်းကြီး နှင့် အမတ်များ စုဝေးရာ
အဆောင်သို့ တစ်လှမ်းချင်း လှမ်းလာတဲ့
မင်းသားရှောင်းကျန့် ။
ရှိရင်းစွဲ ချောမောတဲ့ မျက်နှာကို တည်ထားရင်း လျှောက်လှမ်းသည်။
နန်းတွင်းသူများပင် အံ့သြလောက်အောင်
တည်လွန်းနေတဲ့ မင်းသားရဲ့ မျက်နှာထားကြောင့်
အျမန္သာ ခေါင်းကို ငုံ့ထားကြသည်။
အရင် နွေးထွေးတဲ့ အပြုံးလေးတွေနှင့် ပြုံးပြတက်သော
မင်းသားရှောင်းကျန့်ဟာ ခုတော့ တျခားသူ တစ်ယောက်လိုပင်။

ဲ မျက်နှာကို လုံးဝ တည်ထားကာ
ခံစားချက်မရှိသောသူလို နန်းဆောင်ထဲ ဝင်လာတဲ့
သားတော်ကြောင့် ရှောင်းဘုရင်နှင့် အမတ်များလည်း
အံ့ျသ သွားကြသည်။

" သူတို့ကို ဘယ်အချိန် သွားတိုက်ရမှာလဲ ခမည်းတော်
ခုချက်ချင်း သွားတိုက်ရင်ရော ရလား "

"အချိန်တော့ နည်းနည်းယူရမယ် သားတော်
အရမ်းမလောပါနဲ့ ခမည်းတော်တို့လည်း အမြန်စီစဉ်နေပါတယ်"

" ခမည်းတော် တို့ကို ဒုက္ခမပေးစေချင်ပါဘူး
သားတော် တစ်ယောက်ထဲသွားလိုက်ပါ့မယ် "

" အဲ့လို.... အဲ့လိုတော့ လုံးဝမဖြစ်ဘူးသားတော်
ဟိုဘက္က အင်အားဘယ်လောက်ရှိတာလဲ သိတာမဟုတ္ဘူး "

" သားတော် တစ်ယောက်ထဲပဲ သြားပါရေစ "

" ရှောင်းကျန့်..."
ဟု ခေါ်လိုက်ကာ ပုလ္လင်ပေါ်က ဆင်းလာသော
ရှောင်းဘုရင်...
အမတ်များကတော့ သားအဖ ၂ ယောက် ဘာဆက်ဖြစ်ကြမလဲဆိုတာပဲ ကြည့်နေကြသည်။

" အဲ့လောက်ထိ မလောနေနဲ့ သူတို့က ဘယ်မှာနေတာမှန်းတောင် သိလို့လား "
ရှောင်းဘုရင်၏ စကားကြောင့် ရှောင်းကျန့်လည်း
တွေဝေသွားခဲ့သည်၊၊
ဟုတ်ပါသည်လေ သူလည်း ရိပေါ်ကို
ဖမ်းသွားတဲ့ သူတွေရဲ့ နေရာကိုတောင်မသိရချေ၊၊
ထို့ကြောင့် ခေါင်းပဲ ငုံ့ထားပြီး ခမည်းတော် ဆက်ပြောမည့်
စကားကိုသာ နားထောင်နေလိုက်သည်။

" သူတို့က ကြင်ယာတော်ကို ထိခိုက်အောင်
လုပ်မှာ မဟုတ်ပါဘူး
သူတို့လိုချင်တာက ခမည်းတော်တို့ ပြိုလဲတာကိုပဲ
ဒါပေမဲ့ ကြင်ယာတော်တစ်ပါး အတွက်ကြောင့်
ခမည်းတော်တို့ ပြိုလဲမှာ မဟုတ်တဲ့အကြောင်း
သူတို့ကို ပြရမယ် ဒါကြောင့် အချိန်လေး ခနစောင့်ပါသားတော် "

White Baby ( Completed)Where stories live. Discover now