မင်းကြီး နှင့် အမတ်များ စုဝေးရာ
အဆောင်သို့ တစ်လှမ်းချင်း လှမ်းလာတဲ့
မင်းသားရှောင်းကျန့် ။
ရှိရင်းစွဲ ချောမောတဲ့ မျက်နှာကို တည်ထားရင်း လျှောက်လှမ်းသည်။
နန်းတွင်းသူများပင် အံ့သြလောက်အောင်
တည်လွန်းနေတဲ့ မင်းသားရဲ့ မျက်နှာထားကြောင့်
အမြန်သာ ခေါင်းကို ငုံ့ထားကြသည်။
အရင် နွေးထွေးတဲ့ အပြုံးလေးတွေနှင့် ပြုံးပြတက်သော
မင်းသားရှောင်းကျန့်ဟာ ခုတော့ တခြားသူ တစ်ယောက်လိုပင်။ဲ မျက်နှာကို လုံးဝ တည်ထားကာ
ခံစားချက်မရှိသောသူလို နန်းဆောင်ထဲ ဝင်လာတဲ့
သားတော်ကြောင့် ရှောင်းဘုရင်နှင့် အမတ်များလည်း
အံ့သြ သွားကြသည်။" သူတို့ကို ဘယ်အချိန် သွားတိုက်ရမှာလဲ ခမည်းတော်
ခုချက်ချင်း သွားတိုက်ရင်ရော ရလား ""အချိန်တော့ နည်းနည်းယူရမယ် သားတော်
အရမ်းမလောပါနဲ့ ခမည်းတော်တို့လည်း အမြန်စီစဉ်နေပါတယ်"" ခမည်းတော် တို့ကို ဒုက္ခမပေးစေချင်ပါဘူး
သားတော် တစ်ယောက်ထဲသွားလိုက်ပါ့မယ် "" အဲ့လို.... အဲ့လိုတော့ လုံးဝမဖြစ်ဘူးသားတော်
ဟိုဘက်က အင်အားဘယ်လောက်ရှိတာလဲ သိတာမဟုတ်ဘူး "" သားတော် တစ်ယောက်ထဲပဲ သွားပါရစေ "
" ရှောင်းကျန့်..."
ဟု ခေါ်လိုက်ကာ ပုလ္လင်ပေါ်က ဆင်းလာသော
ရှောင်းဘုရင်...
အမတ်များကတော့ သားအဖ ၂ ယောက် ဘာဆက်ဖြစ်ကြမလဲဆိုတာပဲ ကြည့်နေကြသည်။" အဲ့လောက်ထိ မလောနေနဲ့ သူတို့က ဘယ်မှာနေတာမှန်းတောင် သိလို့လား "
ရှောင်းဘုရင်၏ စကားကြောင့် ရှောင်းကျန့်လည်း
တွေဝေသွားခဲ့သည်၊၊
ဟုတ်ပါသည်လေ သူလည်း ရိပေါ်ကို
ဖမ်းသွားတဲ့ သူတွေရဲ့ နေရာကိုတောင်မသိရချေ၊၊
ထို့ကြောင့် ခေါင်းပဲ ငုံ့ထားပြီး ခမည်းတော် ဆက်ပြောမည့်
စကားကိုသာ နားထောင်နေလိုက်သည်။" သူတို့က ကြင်ယာတော်ကို ထိခိုက်အောင်
လုပ်မှာ မဟုတ်ပါဘူး
သူတို့လိုချင်တာက ခမည်းတော်တို့ ပြိုလဲတာကိုပဲ
ဒါပေမဲ့ ကြင်ယာတော်တစ်ပါး အတွက်ကြောင့်
ခမည်းတော်တို့ ပြိုလဲမှာ မဟုတ်တဲ့အကြောင်း
သူတို့ကို ပြရမယ် ဒါကြောင့် အချိန်လေး ခနစောင့်ပါသားတော် "