Zawgyiကြင်ယာတော်ဝမ်ကို ဆေးထည့်ပေးပြီး
အဆောင်တော်သို့ ပြန်လိုက်ကြသည်။
အဆောင်ပြန်ရောက်သောအခါ..." ကိုယ်အရင် ကိုယ်လက် သန့်ရှင်းလိုက်အုံးမယ် "
ဆိုကာ ရေချိုးဆောင်ထဲ ဝင်သွားသော မင်းကြီးရှောင်းကျန့်။
ခနကြာသောအခါ မင်းကြီး ရှောင်းကျန့်ပြန်ထွက်လာတယ်။" လက်က ရေချိုးလို့ ရပါ့မလား
စပ်နေရင် ဘယ်လိုလုပ်မလဲ ကလေး "" ရေက မချိုးလို့မရဘူး ချိုးရမယ်
ရေမချိုးရင် စိတ်ထဲ မသန့်သလိုကြီး ဖြစ်နေလို့
ကောရဲ့ လက်က မစပ်လောက်ပါဘူး "" အင်း ဒါဆို ကိုယ်မချိုးပေးတော့ဘူးနော် "
" ဟင် ..."
" တကယ်လို့ လက်စပ်ရင်ခေါ်လိုက်နော် "
" ဟုတ် "
ရိပေါ် ရေချိုးဆောင်ထဲ ဝင်လိုက်ပြီး
အကြိုက်ဆုံး လိမ္မော်ရနံ့ ရေချိုးဆပ်ပြာဆီလေးနှင့်
ရေချိုးလိုက်ပြီး အဝတ်စားပါ တစ်ခါထဲ လဲလာလိုက်သည်။" ဒီနားလာပါအုံး ဆေးပြန်ထည့်ရအုံးမယ် "
ဆိုကာ ဆေးဗူးလေးနှင့် အသင့်ဆောင့်နေသော
ကောကြောင့် ပြုံးလိုက်သည်။
အသေးစိတ်ကအစ ဂရုစိုက်ပေးတက်သော ကောကို ပိုင်ဆိုင်ရတယ်ဆိုတာဟာ သူဟာကံအလွန်ကောင်းတာပဲဟု
တွေးလိုက်ပြန်တယ်။" ဟုတ် "
လက်ကလေးကို ဆေးထည့်ပေးပြီး
စပ်မှာစိုး၍ ပါးစပ်ဖြင့် လေမှုတ်ပေးနေသော
မင်းကြီး ရှောင်းကျန့် ကို ငေးကြည့်နေလိုက်သည်။" အရင် အိပ်လိုက်တော့နော်
ကိုယ် စစ်သူကြီး ဝမ်နင်နဲ့ သွားတွေ့ရအုံးမှာမလို့
ခနလေး သွားမှာ...
မီးတွေ အကုန်ဖွင့်ပေးခဲ့မယ်
အဆောင်ရှေ့မှာ ရဲမက်တွေရော ၊ ကိုယ်ရံတော်တွေရော ရှိတယ် ၊ တစ်ခုခုဖြစ်ရင် သူတို့ကိုခေါ်လိုက်နော်
ဗိုက်ဆာရင်လည်း အထိန်းတော်တွေနဲ့ နန်းတွင်းသူတွေ ရှိတယ်... "" စိတ်ချသွားပါ ကောရယ်
မအိပ်သေးပါဘူး ကောကို စောင့်နေမယ် ။
ပြီးတော့ ဗိုက်လည်း မဆာပါဘူး "" အင်း အင်း ဒါဆိုသွားပြီနော် ခနပဲ "
မင်းကြီး ရှောင်းကျန့် စစ်သူကြီး ဝမ်နင်ကို လျိုဝှက်တွေ့ဆုံသော နေရာသို့ ခေါ်ထားသည်။
ခနကြာသောအခါ စစ်သူကြီး ဝမ်နင်ရောက်လာပြီး