ရှောင်းကျန့် ရိပေါ်ကို လိုက်ရှာနေရင်း
သူ ရိပေါ်ကို တွေ့ဖို့အကြောင်းဖန်လာတဲ့
တောစပ်နေရာလေးသို့ ရောက်လာခဲ့ပြီ၊၊
သူ တောစပ်လေးကို ငေးကြည့်နေရင်း" ဟို မင်းသားရှောင်းကျန့် အန်တီတို့ကို တစ်ခုလောက်ကူညီပါလား "
ဆိုကာ နောက်ဘက်မှ ကြားရသော အသံကြောင့်
ရှောင်းကျန့် လှည့်ကြည့်လိုက်သောအခါ
ကျင်ဟာရင်တို့ သားအမိ ၂ ယောက်..." ခုထိ ရွာမပြန်သေးဘူးလား "
" အင်း ရွာက လူတွေနဲ့ လူစုကွဲသွားလို့
ဒါကြောင့် ဒီတောစပ် ဟိုဘက်ကို လိုက်ပို့ပေးပါလား
တောထဲမှာ သားရဲတိရစ္ဆာန်တွေ များလို့ မသွားရဲတာကြောင့်ပါ "ရှောင်းကျန့် ကျင်ဟာရင်ကို တွေ့သောအခါ
အရင် ရိပေါ်ကို ကျင်ဟာရင် ပြုမူခဲ့တာတွေကို
ပြန်မြင်ယောင်ပြီး
မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ" ရိပေါ်တောင် တစ်ယောက်ထဲ တောထဲလာဝံတာပဲ
အဒေါ်တို့က သားမိ ၂ယောက်လေ အဖော်ရှိတာပဲ
ကိုယ့်ဘာသာ သွားကြပါ "ရှောင်းကျန့် မြင်းကို ပြန်လှည့်လိုက်ပြီး
ထိုနေရာ ပြန်ရန်အလုပ်" မား သားကြောက်တယ် "
" သားရယ် မားလည်း ကြောက်တာပေါ့"ကျင်ဟာရင်တို့ သားအမိ ၂ ယောက်ရဲ့
ကြောက်ရွံ့နေတဲ့ အသံကြားတော့
ပြုံးလိုက်မိပြန်သည်။
တခြားသူ ဒုက္ခရောက်နေတဲ့အချိန် သူပြုံးမိတာ
ပထမဆုံးအကြိမ်ပင်။
ရိပေါ် ခံစားရတာတွေထက် မပိုရင်တောင်
ကျင်ဟာရင်တို့ သားအမိကို
တန်းတူ ခံစားစေချင်မိသည်၊၊ကျင်ဟာရင်တို့ တောထဲကို ဝင်ရန် ချီတုံချတုံ ဖြစ်နေကြပြီး
နောက်ဆုံးတော့ နေမဝင်မီ တောထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ တောထဲရောက်တာနဲ့
အေးမြ စိုစွတ်နေသည်။" မား ရှေ့ကို ဆက်မသွားပါတော့နဲ့
သားကြောက်လို့ "" တိုးတိုးနေ ဟာရင်း
အသက်ကဖြင့် ၁၉ ကျော်ပြီ
အဲ့လောက်ဖြစ်မနေနဲ့ မားလည်း ကြောက်တာပဲ "ချုံတွေထဲမှ တရှုပ်ရှုပ်ကြားနေရတဲ့ ခြေသံများကြောင့်
ကြောက်စိတ်က အတိုင်းမသိ ကြီးစိုးနေသည်။