Extra -4

5.6K 273 11
                                    

အဘွားအိမ်မှာ ၃ ရက်နေပြီး
ရိပေါ် ဆွေမျိုးတွေဆီကို သွားဖို့ပြင်ရသည်။

💛
" သားရဲ့ အေဖကလဲ အရင်က ရှောင်းနိုင်ငံကပဲ"
လို့ရိပေါ် ပြောလိုက်တာကြောင့်
အဘြားက သူ့ဆီလာဖူးတဲ့ ကောင်လေးအကြောင်းကိုပြောပြတယ်။
ထိုကောင်လေးအကြောင်း ပြောပြပြီးသွားတော့
အဘြားက ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ မျက်ရည်တွေကလဲ
ဝဲလို့နေတယ်။

" အဲ့ကောင်လေးရဲ့ လက်ကောက်ဝတ်မှာ မှဲ့ရှိတယ်"
လို့ အဘွားကပြောတော့ ရိပေါ်လည်း သူ့အဖေဖြစ်သူမှာလဲ
လက်ကောက်ဝတ်မှာ မှဲ့ရှိကြောင်း ပြန်ပြောလိုက်သည်။
အဆက်အစပ်မိသွားတဲ့ စကားတွေကြောင့် အဘွားဆီလာနေဖူးတဲ့ကောင်လေးဟာ ရိပေါ်အဖေ ဖြစ်ကြောင်း သိသွားကြတော့တယ်။

အဘြားက ဝမ်လီရှင်းပြောခဲ့တဲ့ စကားတွေကို ရိပေါ်ကိုပြန်ပြောပြခဲ့တယ်။
" ရှင်းလေးရဲ့ ဆွေမျိုးတွေကလည်း ရှောင်းနိုင်ငံထဲမှာ ရှိတယ် ကလေးရဲ့"

အဘြားဟာ ရိပေါ်အဖေဖြစ်သူ ဝမ်လီရှင်းပြောခဲ့တဲ့
ဆွေမျိုးတွေ ရှိတဲ့နေရာကို ပြောပြသည်။
အဘွားပြောပြီးချင်း ရိပေါ်ဟာ ချက်ချင်းပဲ ဆွေမျိုးတွေ ရှိရာကိုပြေးသွားချင်ခဲ့တယ်။

နောက်တစ်နေ့ မနက်စောစောမှာတော့
အဘြားကို နှုတ်ဆက်ပြီး ဆွေမျိုးတွေရှိရာကို ခရီးနှင်ကြသည်။

ဝေါယျာဉ် အတွင်းမှာ စိတ်လှုပ်ရှားနေလွန်းပြီး
လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ထားတဲ့
ရိပေါ်ရှေ့ကို လက်ဖဝါးတစ်ခုရောက်လာသည်။

" ကိုယ့်လက်ကို ကိုင်ထားလေ"
ဒီအချိန်မှူ ရှောင်းကျန့် သူ့ဘေးမှာရှိကြောင်း
သတိရသည်။

ကမ်းပေးတဲ့ လက်ထဲ သူ့လက်ကိုထည့်ပေးလိုက်တော့
ညှင်ညှင်သာသာလေး ဆုပ်ကိုင်ခြင်းကိုခံရတယ်။

" ဆွေမျိုးအရင်းတွေနဲ့ တွေ့ရမှာပဲ ဘာမှမဖြစ်ပါဘူး ..."

" အေနေတာ့ စိမ်းနေမှာ တစ်ခါမှမြင်ဘူးကြတာမဟုတ်တော့
ဝမ်လီရှင်းရဲ့ သားလို့ပြောရင်တောင် ယုံချင်မှ ယုံကြမှာ"

" အဲ့လောက်တော့ မဟုတ်လောက်ပါဘူး ကိုယ်ပြောတာယုံ"

" အင်းပါ..."

White Baby ( Completed)Where stories live. Discover now