Part ( 7) Unicode💚

7.7K 541 5
                                    

Part ( 7)

" ခမည်းတော် သားတော် ဒီနေ့ နန်းတော်အပြင်ထွက်လို့ရမလား "
ဟူ၍ ရှောင်းကျန့်မေးလာတာကြောင်
ရှောင်း ဘုရင်လည်း အခက်တွေ့သွားသည်။
သူ့တုန်းကလိုမျိုး အျဖစ္ဆိုး သားတော်ဖြစ်မှာကို
အတော်ပင် စိုးရိမ်သည်။
သားတော် ရှောင်းကျန့်ရဲ့ အသက်ဟာ ၂၅ နှစ်ရှိခဲ့ပြီ။
သို့သော်လည်း တစ်ခါမှ နန်းတော်အပြင်မထွက်ရ...
ရှောင်းကျန့်ဟာ ဓားရေးလည်း ကျွမ်းနေပြီမို့
ဒီတစ်ခါတော့ သူ သားတော်ကို နန်းတော် အပြင်လွှတ်ရန် ခွင့်ပြုတော့မည်။

" သွားလေ သားတော် ဒါပေမဲ့ နေမဝင်စေနဲ့နော် "

" မှန်လှပါ "

ရှောင်းကျန့် ဒီနေ့အရမ်းပျော်သည်။ နန်းတော် အပြင်ထွက်ရမယ်လေ...
ဒါကြောင့်လည်း ဝမ်နင် ကို ခေါ်ကာ
နန်းတော်အပြင်သို့ ထွက်လာလိုက်သည်။

ကိုယ္စီ မြင်းတစ်ကောင်စီဖြင့် ရှောင်းကျန့်နဲ့ ဝမ်နင်တို့
ခရီးစတော့သည်။ အိမ်ရှေ့စံ ဝတ်စုံနှင့် မဟုတ်ဘဲ သာမန် အရပ်သားဝတ်စုံဖြင့်ဆိုတော့
သူတို့ကို လူမ်ားက သတိမထားမိကြ ။
သူ ဒီလို ခံစားခ်က္ကို အရမ်းကြိုက်တယ်...
လွတ်လပ်ပြီး ...အေးချမ်းသည်။

" ဝမ်နင် ဟိုမုန့်ဝယ်စားရအောင် "
ဟု ပြောပြီး ရှောင်းကျန့် မြင်းကို ရပ်လိုက်သည်။
ဝမ်နင်လည်း မြင်းရပ်လိုက်တယ် ။
ဖက်ထုပ်မုန့် ဝယ်စားကြပြီး ၂ ယောက်သား
မြင်းပေါ်ပြန်တက်ပြီး ဆက်သွားကြတော့သည်။

လယ်ကွင်းပြင်တွေ ၊ မြစ်ချောင်းတွေ နဲ့ ဈေးတွေဟာ.
ရှောင်းကျန့်အတွက် အရာရာ ထူးဆန်းနေသည်။
မြင်းစီးရင်း လယ်ကွင်းပြင်မှာ လေတိုက်လိုက်တိုင်း
ဘယ္ညာ ယိမ်းနွဲ့နေကြတဲ့ စပါးတွေ ကို ငေးကြည့်နေရင်း....

" ဝှစ်...! "
ဆိုတဲ့ အသံကြားသောအခါ ရှောင်းကျန့်နဲ့ ဝမ်နင်တို့ လှည့်ကြည့်မိလိုက်ကြသည်။
အနက်ရောင် ဝတ်ဆင်ထားတဲ့ လူတစ္စု...
မြှားဖြင့် သူတို့ကို ပစ်နေကြသည်။
သို့သော်လည်း ကံကောင်း၍ သစ်ပင်ကိုသာ
မြှားက စိုက်ဝင်သွားသည်။

ရှောင်းကျန့် အခြေနေကို ရိပ်မိတာလိုက်သည်။
ဝမ်နင် ကို အချက်ပြလိုက်တာကြောင့် မြင်းကို
ရှေ့သို့ပြေးရန် ဇာတ်ကြိုးကို အနည်းငယ် တင်းလိုက်ပြီး မြင်းကိုယ်စီဖြင့် အရှေ့သို့ ပြေးကြသည်။
တကယ္ဆို သူ ထွက်မပြေးချင်ပါ
သို့ပေမဲ့ တစ္ဖက္က လူတွေ က မြှားကိုယ်စီဖြင့်ဆိုတော့ ခုချိန် ထွက်ပဲ ပြေးရတော့မယ်
သူတို့ ပြန်တိုက်လည်း အခြေနေက ကောင်းမည်မဟုတ်...

White Baby ( Completed)Onde histórias criam vida. Descubra agora