First meeting

6.4K 177 13
                                    

{Unicode}

Episode 1

အဆက်မပြတ်မြည်နေတဲ့ ဖုန်းနှိုးစက်သံက
ကျွန်တော့်လိုအအိပ်မက်တဲ့လူတစ်ယောက်ကိုနိုးသွားဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

သို့ပေမယ့်ကျွန်တော့်မျက်ခုံးတွေကတော့အလယ်မှာတွန့်ကွေးသွားပြီး ခန္ဓာကိုယ်ကိုဟိုဖက်ဒီဖက်အနည်းငယ်လူးလှိမ့်မိတယ်။

ထိုအသံကမကြာပါဘူး။အတိအကျ ပြောရရင်(5)မိနစ်ပေါ့။ထပ်မံပြီးတတီတီမြည်လာပြန်ပါတော့တယ်။
ဒီတခါတော့ကျွန်တော်မနေနိုင်တော့ပါ။ အိပ်မှုံစုံမွှားဖြင့်လူးလဲထရင်းကုတင်ဘေးမှမြည်နေတဲ့ဖုန်းကိုယူ၍alarmကိုပိတ်လိုက်ရတော့တယ်။

"ငါဘယ်တုန်းကများphone alarmပေးတတ်တဲ့အကျင့်ရှိသွားတာလဲ"

တစ်ကိုယ်တည်းစကားဆိုရင်း
ပြန်စဉ်းစားမိတော့လွန်ခဲ့သောတစ်ပတ်ခန့်ကအကြောင်းအရာ‌တွေက ခေါင်းထဲမှာအစီအရီပြန်ပေါ်လာတော့သည်။

Flashback;;;;;;;;;;;;

လွန်ခဲ့သောတစ်ပတ်က

Fresher တစ်ယောက်ရဲ့ ဘဝကိုကျောင်းဝန်းထဲမှာခြေစုံချပြီး ရင်ဆိုင်ရမယ့်အကြောင်းကိုတွေးနေမိတယ်။ မျက်စိရှေ့က ကျောင်းဆောင်တွေကိုငေးမောကြည့်နေတုန်း ရုတ်တရက် အနောက်ကနေ သိုင်းဖက်လာတဲ့လက်တွေ......

"ဟဲ့အကောင် Gulf ဘာတွေများအဲ့ဒီလောက်တောင်  တွေဝေငေးမောနေရတာလဲဟင်!  နင့်ပုံစံကြီးကလေ' ကျွန်တော်ကနယ်ကနေလာတက်တဲ့ မအူမလည်လေးပါ'လို့ပြောနေတဲ့အခွက်ကြီးနဲ့သိရဲ့လား"

သူတစ်ယောက်ထဲတရစပ်ပြောနေတဲ့ကျွန်တော့်ရဲ့တစ်ဦးတည်းသောသူငယ်ချင်းမလေးပါ။
နာမည်က 'Su'တဲ့ ။
အသားကဖွေးဖွေး လူကပိန်ပိန်သွယ်သွယ်နဲ့ အရမ်းသွက်လက်ပြီးချစ်ဖို့ကောင်းတဲ့သူလေးပါ။

"ဟော ဟော ဟော ပြောရင်းကြည့်
အဲ့လိုမျက်နှာကြီးနဲ့မနေနဲ့လို့ ငါ့ကိုကြည့်ငါ့လိုBangkokမှာမွေးBangkokမှာကြီးခဲ့တဲ့စတိုင်နဲ့နေစမ်းပါဟဲ့"

ပြောလဲပြော ခန္ဓာကိုယ်ကိုလဲနှစ်ပတ်သုံးပတ်လောက်လှည့်ပြနေတော့သည်။

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now