(Zawgyi)🍀🍀🍀🍀
Part-1
(ကိုယ်..ချစ်သော clover...!!..)ဆိတ်ငြိမ်ရပ်ကွက်တစ်ခု အတွင်းရှိ...
ခြံဝန်းကျယ်တစ်ခု၏ အလယ်တွင်...
ကြီးမားသော သုံးထပ်တိုက်ကြီးက နေရာယူ
ထားသည်...။ခြံဝန်းကျယ်ကြီး၏ နေရာအတော်များများ
တွင် သစ်ခွပန်းလှလှလေးများက နေရာယူ
ထားသည်မှာ စိုက်ပျိုးရေးခြံ တစ်ခုနှင့်ပင်...
တူနေသေးသည်..။အလိုင်းကန့်လေးများ စီစဉ်ကာ သေချာ...
စိုက်ပျိုးထားခြင်းဖြစ်ကာ လွယ်လွယ်မတွေ့
နိုင်သော သစ်ခွမျိုးစိတ်များပါ ပါဝင်သည်..။တစ်ချက်ကြည့်ယုံဖြင့် ထိုနေရာလေးမှာ...
တစ်စုံတစ်ယောက် ၏ ဂရုစိုက် မြတ်နိုးမှု..
ကို ခံရသော နေရာလေးမှန်း ပြောနိုင်သည်။သစ်ခွပန်းခြံလေး ၏ အနီးနားတွင်ရှိသော...
အဖြူရောင် စားပွဲလေးနှင့် ထိုင်ခုံလေးက...
ခြံဝန်းကျယ်ထဲ နေရာယူထားသော မြက်ခင်း
စိမ်းလေးနှင့် လိုက်ဖက်နေသည်...။စားပွဲအဖြူလေး ပေါ်တွင်မူ ကြိမ်ခြင်း..
အသေးလေးတစ်ခုက နေရာယူထားကာ..
ကြိမ်ခြင်းလေး ထဲတွင်မူ သစ်ခွပန်းလေး..
အချို့က နေရာယူထားသည်...။သစ်ခွပန်းလေးများ ချိတ်ဆွဲထားရာ...
အလိုင်းတန်းများကြားကို သေချာစွာ...
ကြည့်ပါက ပန်းပွင့်လေးများကို တယုတယ
ကိုင်တွယ်နေသော လူငယ်လေး တစ်ဦးကို...
တွေ့ရမည် ဖြစ်သည်...။လူငယ်လေး ၏ လက်ထဲတွင် ပန်းဖြတ်သော..
ကပ်ကြေးလေးကို ကိုင်ထားကာ မျက်ဝန်းများ
ထဲတွင်က သစ်ခွပန်းလေးများကို မထိရပ်မတို့
ရပ်ဖြစ်နေသည်က အထင်းသား...။တစ်ခဏအကြာ မှသေချာဆုံးဖြတ်ပြီးပုံဖြင့်...
သက်ပြင်းမောကို ချရင်း အဖြူရောင် သစ်ခွပန်း
တစ်ခက်ကို ပန်းဖြတ်ကပ်ကြေးဖြင့် ဖြတ်ကာ...
ခူးလိုက်သည်...။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀