သားကောင်
🌸pann
Part (4)
နောင်ရိုး မောင့်နားမသွားသေးဘဲ စောင့်ကြည့်နေသေးလိုက်တာ.. မောင် ဘယ်ချိန်ဘယ်သွားတယ် ဘယ်နားဘယ်လိုရှိတယ် ဆိုတာ တိတ်တဆိတ်လေးလိုက်ကာ စုံစမ်းရေးဆင်းနေလိုက်သည်.. ။
အခုဆို မောင်နဲ့ပတ်သက်ပြီး သိသင့်သလောက်သိထားတဲ့ အနေထား ရောက်နေပြီ..
မောင်မနက်ဆို ခုနစ်နာရီ ထိုးပြီးဆယ်မိနစ်ဆိုတာနဲ့ အဆောင် ကနေထွက်သည်.. ပြီးလမ်းမဘက်ထိလျှောက်ပြီး လိုင်းကားစောင့်စီးသည် ။
မောင့်အလုပ်က ဟိုဆိုင်လေးနဲ့မလှမ်းမကမ်းက ကုမ္ပဏီ မှာဝင်လုပ်နေတာ.. နေ့ခင်းနေ့လည်ဆို ဆိုင်လေးကို တစ်ခါတစ်ရံလာတတ်သည် ။
ညနေဆို အလုပ်သိမ်းပြီးတာနဲ့ အိမ်ကိုပဲ တန်းတန်းမတ်မတ်ပြန်တတ်တဲ့ မောင်..
မောင်က အလုပ်နဲ့အဆောင် အဆောင်နဲ့အလုပ်ပဲ ကူးလူးသွားလာနေတာ.. တခြား ဝင်ထွက်သွားလာတာ မရှိ ။
ဒီကတည်းက နောင်ရိုး သတိထားမိပါသည်.. မောင့်မှာ ချစ်သူရည်းစားမရှိဘူးဆိုတာ
နောင်ရိုးလို သားကောင်နဲ့ကျင်လည်နေသူအဖို့ သားကောင်အကြောင်း ခန့်မှန်းရွယ်ဆတတ်တာတော့ သိပ်အခက်အခဲမဟုတ်.. ။
သို့သော်.. အခုလိုအချိန်တွေအကုန်ခံပြီး ဘယ်မိန်းကလေးကိုမှ လိုက်လံစုံစမ်းခဲ့ဖူးတာ မဟုတ် ။
ဒီလို စီမံကိန်း ချနေဖို့နေနေသာသာ တန်းပြီး ဝင်ရောခဲ့တာချည်း.. အခု မောင့်ကိုသာ ဝင်ရောကြည့် ကွင်းထဲ မဆင်းရခင် အနီကတ်ပြပြီး တသက်စာ အဝေး out ခိုင်းနိုင်သည် ။
ဒီတော့ မောင့်အနားကပ်နိုင်ဖို့ စီမံချက်တွေနဲ့ စီမံရသည်..
ဟော.. မောင် ထွက်လာပြီ ။
ဒီနေ့ ရုံးပိတ်ရက်ကြီး မဟုတ်ဘူးလား.. ဘယ်သွားဖို့ ရည်ရွယ်ထားနေပါလိမ့် ။
မောင်သွားသည့်နောက် တဖြေးဖြေး မှိန်းလိုက်နေလိုက်တယ်.. မောင်သွားတဲ့နေရာကို သိချင်တာကိုး ။
.
" မောင်ရေ.. ခဏနော် ထွန်း ကောင်မလေးတွေ မှာထားခဲ့လိုက်ဦးမယ် "
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
