သားကောင်
🌸pann
Part (9)
" ဟင်း.. "
မောင် ထွန်းရဲ့ဆိုင်မှာ ထိုင်နေရင်းက အနောက်ကို ပြန်လည်ပြန်လှည့်ကြည့်ပြီး သက်ပြင်းပြင်းပြင်း တစ်ချက်ချကာ အကြည့်လွှဲလိုက်ရသည်..
သက်ပြင်းတွေချလို့ အသက်တိုရမည်ဆိုလျှင် မောင် အရင်ဆုံး လောကကြီးကနေ ထွက်သွားနိုင်သည်လေ ။
သက်ပြင်းတွေ ချရတယ်ဆိုတာကလည်း အနောက်ကနေ တောက်လျှောက်လိုက်နေတဲ့ ကောင်လေးတစ်ယောက်ကြောင့်သာ.. ။
မောင် ဘယ်သွားသွား အနောက်ကနေ တောက်လျှောက်လိုက်နေတဲ့ သူ့ကို မလိုက်ပါနဲ့တားမရ.. ကိုယ့်ခြေထောက်နဲ့ကိုယ် လိုက်တာမို့ မောက်နှင့်မဆိုင်ဘူးတဲ့လေ ။
သူ့ခြေထောက်နဲ့သူလိုက်တာ ဆိုပေမယ့် မောင့်မှာအနေကြပ်စေသည်လေ.. သွားတဲ့နေရာတိုင်း ဒီလိုကြီး လိုက်နေတော့ မောင့်မှာ ဘယ်လိုမှ မလွတ်လပ်ဘူး ဖြစ်နေတာ ။
တစ်ချက်လောက် မောင့်ရဲ့လွတ်လပ်ခွင့်ကို တော့ ပြန်ငဲ့ကြည့်ပေးသင့်တယ် မဟုတ်ဘူးလား.. မဟုတ်ဘူး သူကသူ့အတ္တကိုပဲ သူသိတယ် ၊ သူလုပ်ချင်တာ ပဲ သူသိတာ မောင့်အတွက် ဆိုပြီး သူထည့်မစဉ်းစားပေး.. ။
မိန်းမတစ်ယောက် နောက်ကို ယောကျာ်းတစ်ယောက်က လိုက်လာကြတာကို မြင်တဲ့သူတွေက ပြုံးတဲ့သူပြုံးသွား ၊ တိုးတိုးကြိတ်ကြိတ် ပြောသွားတဲ့သူက ပြောသွား ၊ ငါသိပါတယ် ဆိုတဲ့ အကြည့် ၊ အထင်မြင်သေးတဲ့ အကြည့် ၊ ဘာလဲဆိုတဲ့ အကြည့် ၊ ရယ်မြူ းကြည့်တဲ့ အကြည့် ။
ဒါတွေအားလုံး မနက်မိုးလင်းလို့ အပြင်ထွက်တာနဲ့ တစ်နေ့တာလုံး ရင်ဆိုင်ရသည် ။
အဆောင်မှာနေပြန်တော့လည်း အဆောင်မှာမို့လို့ မောင့်ကို အနှောင့်ယှက် ပေးလာသည် ။
အဆောင်က မျက်လုံးတွေတစ်ချို့တောင် သို့လော သို့လောနဲ့မေးနေလာကြပြီ.. ။
မောင် အခုရက်ပိုင်း နေရတာ မပျော်တော့..။
စိတ်လွတ်ကိုယ်လွတ်လေး မပြုံးရယ်နိုင် ၊ သွားချင်တဲ့နေရာတိုင်း ပေါ့ပါးလွတ်လပ်စွာ မသွားလာနိုင် ၊ စားချင်တာ စိတ်ကြိုက်ဝင်ထွက်သွားမစားနိုင် ။
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
