သားကောင်
🌸pann
Part (23)
တကယ်ကို မောင့်ပစ္စည်းတွေ အကုန်ကို သယ်ချလာသည်..
မောင့်အဝတ်စား တွေ အသုံးဆောင်တွေ တော်တော်များများ ယူလာတယ်.. အတွင်းဝတ်ကအစ ယူချလာတော့ မောင့်မှာမျက်နှာကြီး ရဲခနဲဖြစ်ကာ ကောင်းလွင်တို့ကို မျက်နှာတောင်မပြရဲဘူး.. ။
ဒီလိုအရာတွေ ယောကျာ်းလေးတွေကို သွားသယ်ခိုင်းရလား.. ကိုယ့်အဖြစ်နဲ့ကိုယ်တောင် လက်မခံနိုင်သေးဘဲ ဖြစ်နေတာကို ဒီလိုအရာတွေအတွက် မျက်နှာကပူရပြန်တယ်.. ။
နောင်ရိုးကိုက ကိုယ်မသိတဲ့အနေထား ၊ ကိုယ်နဲ့မရင်းနှီးနေတဲ့ ဆက်ဆံရေး ထိ မထင်မှတ်ထားဘဲ မပြင်ဆင်ထားရပါသေးဘဲနဲ့ ရောက်သွားတော့ အနေကြပ်တဲ့အပြင် စိတ်လည်းညစ် စိတ်လည်းတို ပြီးလက်မခံနိုင် ဖြစ်နေရတယ်.. ။
မောင့်အိမ်ကိုပစ္စည်းတွေ သွားသယ်ယူတဲ့ ကောင်းလွင်တို့ကိုကျပြန်တော့လည်း အတွင်းဝတ်တွေပါ ဆွဲချလာလို့ မျက်နှာတွေပူထူပြီး ရှက်ရပြန်တယ်..
ဒီအိမ်က ယောကျာ်းလေးတွေကို မောင် ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမှာလဲ.. ရှေ့မျက်နှာကို အနောက်ပို့ထားလည်း သူတို့တွေနဲ့ တွေ့ကြုံ မြင်နေရမှာပဲလေ ။
မောင် ဘယ်ဂူမှာအောင်းပြီး နေရပါ့မလဲနော်..
မောင် ရူးချင်တယ် ရူးချင်တယ်.. ။
.
" ခင်ဗျား ဘာလို့ အောက်မဆင်းတာလဲ.. ဒီအခန်းထဲ ပဲ တနေကုန် အောင်းနေတာဆို "
မောင် အခန်းတွင်းထဲက ခုံမှာထိုင်နေတုန်း သူကဝင်လာပြီး စကားလာပြောတော့ လန့်ပြီး ကျောပေးလှည့်ထိုင်လိုက်ရတယ်.. ။
ဘာလို့ တံခါးမခေါက် အသိမပေးဘဲ ဝင်ချလာလဲ မသိဘူး.. အမှန်ဆို သူအသံပေးရမယ်လေ
" ခင်ဗျား နေမကောင်းဘူးလား.. "
" အို.. မထိနဲ့ "
အနောက်နားမှာ ရပ်ပြီး မောင့်နဖူးကို လက်ဖဝါးလေးနဲ့ လာစမ်းတော့ မောင် လန့်ပြီး သူ့လက်ကို ရိုက်ပုတ်ထုတ်လိုက်ကာ ကုတင်ပေါ်ပြေးတက်လိုက်သည်.. ။

أنت تقرأ
သားကောင် (Unicode)
عاطفية" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...