သားကောင်
🌸pann
Part (26)
" ဒါက ခင်ဗျား ဘယ်သွားမလို့လဲ.. "
အခန်းထဲဝင်လာချိန် အဝတ်လဲပြီး မှန်ရှေ့မှာ ထိုင်ပြင်ဆင်နေတဲ့ မောင့်ကို တွေ့တော့ နောင်ရိုးမျက်မှောင်တွန့်ချိုးကာ မေးလိုက်ရသည်..
" ဘယ်သွားရမှာလဲ.. အလုပ်ကိုလေ "
" ဘယ်အလုပ်ကို ခင်ဗျားက သွားမှာလဲ.. "
" ငါ့မှာ အလုပ်က ဘယ်နှခုရှိနေလို့လဲ.. မင်းလိုတော့ လက်ချိုးရေစရာ မရှိဘူး "
ဟုတ်တယ်.. မောင်အလုပ်သွားမှာက ဘယ်အလုပ်ရှိရမလဲ ။
ဒါကိုသိနေရဲ့သားနဲ့ ထော်လော်ကန့်လန့် မေးလာတာက.. ။
" အေးလေ.. အလုပ်ကို ဘာကိစ္စ နဲ့သွားမှာလဲ ဘယ်သူက အမိန့်ပေးလိုက်လို့လဲ "
ခင်ဗျားကို အလုပ်ဆင်းရပါမယ်လို့ ကျုပ်တစ်ခွန်းမှမပြောမိသေးဘူး ထင်တယ် မောင်.. ။
နောင်ရိုးကို ကျော်ပြီး ဇာနည်ကလည်း ခင်ဗျားကို အလုပ်ဆင်းရပါမယ်လို့ တစ်သွေးတစ်သံတစ်မိန့် ချမယ့်လူမျိုးလည်း မဟုတ်ဘူး.. ။
အလုပ်နဲ့ပတ်သက်ပြီး ပြောရေးဆိုရေး ရှိတဲ့ဒီနှစ်ယောက်က ဘာမှမပြောထားတာ.. သူကဘယ်ကတစ်ယောက်ရဲ့ အမိန့်ရလို့ သွားမယ် တကဲကဲ လုပ်နေရတာ လဲ.. ။
" ငါ အလုပ်ပျက်ရက်များနေပြီလေ.. ဘာမှလည်း ထွေထွေထူးထူး ရှိတာလည်း မဟုတ်ဘူး ကျန်းမာရေး ချို့တဲ့နေတာလည်း မဟုတ်ဘူး ဒီတော့ ငါအလုပ်သွားသင့်နေပြီကို "
မောင် ဘာရယ်မဟုတ်ဘဲ သူ့ကြောင့်နဲ့ အလုပ်မသွားရတာ တစ်ပတ်ရှိနေပြီ.. တိတိကျကျ လေးပြောရရင် ဘာအလုပ်ကိုင်မှမရှိဘဲ အိမ်မှာလက်ယားလက်ယား လုပ်နေခဲ့တာလေ ။
ဘယ်မှလည်း သွားစရာလာစရာမရှိ.. နားနားနေနေ နေရအောင် မမာမကျန်း ဖြစ်နေတာလည်း မဟုတ်.. ။
ဒါကို ဘာလို့ အလုပ်မသွားဘဲနေနေရမလဲ.. သွားသင့်နေပြီကို ။
မဟုတ်ရင် ဘာအလုပ်ဘာအကိုင်မှ မရှိဘဲအားယားနေရတာကြီး.. ကြာရင် ပျင်းလို့အရည်ပျော်ကျရချည်ရဲ့ ။
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
