သားကောင်
🌸pann
Part (27)
မောင် အလုပ်မရှိ တွေ့ရာ ကောက်စွဲလုပ်နေရတယ်.. နောင်ရိုးမင်းခေါင် အကျင့်ယုတ်နေလို့လေ ။
နေရင်းထိုင်ရင်း တစ်ရက်တစ်မနက်တစ်ည အတွင်းမှာ မောင်က အလုပ်လက်မဲ့ ပြည်သူတစ်ယောက် ဖြစ်သွားရတာက ခင်ပွန်းဆိုတဲ့လူရဲ့စနက်ကြောင့်..
တွေးလေ တွေးလေ မကျေနပ်နေရလေ.. ။
အရင်က အခုချိန်ဆို မောင် လုပ်ငန်းခွင်ထဲ ဝင်နေရပြီ.. ဆယ်နှစ်ကျော်လောက် လုပ်ငန်းခွင်ထဲ ဝင်ခဲ့ရလို့နေမယ် အခုလို ဘာအလုပ်အကိုင်မှမရှိတဲ့ အခြေနေကြီးနဲ့အသားမကျ..
ပင်စင်ယူသွားကြတဲ့ ဝန်ထမ်းတွေ စကားပြောတာ ကြားဖူးတယ်.. ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရတော့လည်း ပျင်းသားတဲ့ ဟိုနားလေးယောင်လည်လည် ဒီနားလေး ဝေ့ကာသီကာနဲ့ လုပ်နေရတာ က အနေခက်နေပြန်တယ်တဲ့ ။
အစကတော့ အလုပ်မလုပ်ရတာများ ပျော်စရာ ကောင်းတာမဟုတ်ဘူးလားပေါ့.. အေးဆေး သက်သောင့်သက်သာ စိတ်အေးလက်အေးနေနေရမယ့် အခွင့်ရေးကြီးကို ရတာ ဘယ်လောက် ကောင်းလိုက်သလဲပေါ့.. ။
အခုတော့ မောင် သူတို့ခံစားချက်ကို နည်းနည်း နားလည်သယောင် ရှိလာသလိုပါ.. အိမ်မှာနေပြီး ဘာလုပ်ရမှန်းမသိ ။
အပေါ်တက် အောက်ဆင်းလည်း လုပ်နေတာ ဘယ်နှကြိမ်ရှိနေပြီလဲ မပြောတတ်.. အလုပ်နားနေတာ တစ်လလောက်ရှိနေပေမယ့်လည်း အသားမကျသေးတာ အခုထိပဲ ဟူး..
မောင် လုပ်စရာ မရှိတာနဲ့ကြက်မွှေးတစ်ချောင်းကိုင်ပြီး အိမ်ပတ်နေတာ.. ဖုန်တွေကို ကြိုးစားပမ်းစား မောင် သုတ်ရအောင်လည်း ဖုန်မှမရှိတာ.. ဘယ်ရှိမှာလဲ သူ့ကြောင့်ပဲ လေ ။
မောင် အလုပ်လေးရှာကြံလုပ်နေတုန်း သူတွေ့သွားကြည့်လိုက်.. အိမ်ကအလုပ်သမားတွေ ကို ပြောသေးတာ ။
အဲ့တော့ မောင် ဘာမှမလုပ်ရသေးခင် အကုန် ပြီးနေပြီ..
မောင် အရမ်းပျင်းလာမိလေ သူ့ကို မကျေနပ်လို့ ပြောမိပြန်ရော.. အဲ့တော့ သူနဲ့မောင် ညကြီးအချိန်မတော် တွေ ဘာတွေနားမလည်တော့ဘူး စကားနိုင်လုရရော ။
YOU ARE READING
သားကောင် (Unicode)
Romance" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
