Part (24)

4.8K 160 2
                                    

သားကောင်

🌸pann

Part (24)

နောင်ရိုး အလုပ်ကနေပြန်လာတော့ ခြံထဲနဲ့ အောက်ထပ်မှာ မောင့်ကို မတွေ့ဖြစ်ဘူး.. ဘယ်နားများ ရောက်နေလဲ မသိဘူး အရင်နေ့ဆို ပြန်လာတိုင်း တွေ့နေကြကို ။

ဇာနည်နဲ့ကောင်းလွင် က မင်္ဂလာပွဲအတွက် လိုအပ်တာတွေ ဦးဆောင်ပြီးတာဝန်ယူ လုပ်ကိုင်ပေးနေတော့ အခုထိအိမ်ကိုပြန်မရောက်သေး..

နောင်ရိုး အပေါ်ထပ်ကို တက်ခဲ့လိုက်သည်.. မောင်နဲ့ တွေ့ချင်လှချည်ရဲ့မို့ ။

" ဒေါက် ဒေါက်.. "

ကျွတ်.. ကိုယ့်အခန်းကိုယ်ဝင်တာကို ဘာလို့လက်က ခေါက်နေမှန်းမသိဘူး ။

ကျွီ..

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးအပြစ်တင်စကားပြောရင်း တံခါးဖွင့်တော့ တွေ့ပါပြီ.. ပြတင်းပေါက်နားကို ခုံဆွဲယူပြီး ကျောပေးကာ ထိုင်နေတာ ။

" ခင်ဗျား အခန်းထဲမှာ ရှိနေတာပဲ.. ကျုပ်က တော်တော် လိုက်ရှာရမယ် မှတ်နေတာ "

အရင်အိမ်များ ပြန်သွားပြီလို့တောင် ထင်မိပြီးလန့်သွားရသေးတာ.. လူကိုတွေ့မှပဲ အလုံးကြီးကျသွားတော့တယ် ။

နောင်ရိုး အပေါ်ထပ်ကုတ်ကို ချွတ်ပြီး ကုတင်ခြေရင်းအဖျားစွန်းမှာ တက်လိုက်သည်.. ပြီး လည်ပင်းက ကြယ်သီးတစ်လုံးကိုဖြုတ် ၊ လက်ကကြယ်သီးတွေလည်း ဖြုတ်နေရင်း မောင့်ကို စကားပြောနေတာ..

ထူးဆန်းစွာ တိတ်ဆိတ်နေတဲ့ မောင့်ကြောင့် နောင်ရိုး မျက်မှောင်ကျုံ့ကာ မောင့် ကျောပြင်လေးကို တစ်ချက်စိုက်ကြည့်နေလိုက်သည်.. ။

" ခင်ဗျား နေမကောင်းဘူး "

မောင့်ရှေ့သွားရပ်ပြီး ကိုယ်ငွေ့စမ်းမယ်ကြံကာရှိသေး လက်တွေက လေထဲမှာ ဝဲနေရပြီ.. ။

" ခင်ဗျား ငိုနေတယ်.. "

မဖြေဘဲ ပါးပြင်မှာ စီးကျနေတဲ့ မျက်ရည်ကို လက်ချောင်းတွေနဲ့ ခပ်ကြမ်းကြမ်း ဆွဲသုတ်ဖယ်ရှားပစ်လိုက်တဲ့ မောင်.. ။

" ဘာလို့ ငိုနေတာလဲ.. နေမကောင်းလို့လား "

" ဖယ်.. "

သားကောင် (Unicode) Donde viven las historias. Descúbrelo ahora