သားကောင်
🌸pann
Part (16)
" ချွမ် တောက်..အာ "
နောင်ရိုး ကားသော့ကို စားပွဲမှာပစ်တင်လိုက်ကာ ခုံမှာပစ်ထိုင်ချရင်း ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်.. ။
" ဟာ.. မင်း ဘယ်ချိန်ကရောက်တာလဲ "
အနောက်ဘက်ကနေ ထွက်လာတဲ့ ဇာနည်က နောင်ရိုးကို မေးရင်း အနားလျှောက်လာသည်..
" အခုပဲ ရောက်တာ.. "
" ဘာဖြစ်လာတာလဲ မသာမယာနဲ့.. "
" ဘာမှမဖြစ်ပါဘူး "
" ညာရွှီးမနေနဲ့ မင်း ဖြစ်တော့ဖြစ်လာပါတယ်..ဧကန္တ မင်းရဲ့မောင်နဲ့ များ ပတ်သက်နေမလား "
" ........ "
နောင်ရိုး ဟင့်အင်း.. မဟုတ်ပါဘူးလို့ မငြင်းနိုင်..တကယ်လည်း မောင်နဲ့ပတ်သက်နေတာပဲကို ။
" အဟွန်း.. မဖြေနိုင်ပုံထောက်ရင် မှန်နေပြီပေါ့ ပြောစမ်း ဘာဖြစ်လာကြတာလဲ "
" ဘာဖြစ်လာရမှာလဲ.. ငါမကြည်ဘူးဆိုတဲ့ ဇော်ဆိုတဲ့ကောင်နဲ့ အချိန်းအချက်တွေလုပ်ပြီးသွားတွေ့တယ်လေ ငါတားနေတာလည်း ဂရုမစိုက်ဘူး ဘယ်လိုဟာလေးမှန်းကို မသိဘူး "
" အဟွန်း.. အဲ့ကောင်နဲ့ချည်းဒေါသထွက်နေတော့တာပဲ သူတို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား "
" သူငယ်ချင်း ဆိုပေမယ့် အဲ့ကောင်ဘက်က ရိုးရိုးခင်တာ မဟုတ်ဘူး..ငါသူ့ မျက်လုံးထဲက အရာအားလုံး တွေ့နေရတယ် "
" ဒါပေမယ့် အခုချိန်ထိ သူတို့တွေ သူငယ်ချင်း ကြီးပဲ ဖြစ်နေကြတယ်လေ.. ဘယ်လောက်ကြာနေပြီလဲ သူတို့သာအချင်းချင်းကြိုက်နေကြရင် မင်းမရှိတဲ့အချိန်ကတည်းက ယူပြီးနေကြပြီလေ "
" ရမလား.. အဲ့လို "
ယူလို့ ရကြေးလား.. ဒီကောင်က ငြိမ်ခံနေမယ် မှတ်လို့ ဆယ်ခါပြန်တောင် မနေတာ ။
" အဲ့လို အဖြစ်ခံဖို့ထိ လက်လွှတ်မယ့်ကောင် မဟုတ်ဘူး.. "
" အေးပါ ဟုတ်ပါပြီ.. ထမင်းစားဖို့ ငါပြင်ဆင်ပြီးပြီ မင်းခြေလက်သွားဆေးခဲ့ "
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
