သားကောင်
🌸pann
Part (11)
နောင်ရိုး လေနဲ့အတူ မျှောလွင့်နေတာ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိ.. ။
စိတ်တွေက ပုံမှန်အနေထားလည်း မဟုတ်.. ဘာလုပ်ပစ်လိုက်ချင်လို့ လုပ်ချင်မှန်းလည်းမသိ
စိတ်တွေအသေညစ်နေလို့ ပြေပျောက်သွားအောင် ဘာပဲလုပ်လုပ် ဘယ်လိုမှမပြေပျောက်နိုင်.. ရင်ထဲမှာ တင်းခံနေသည် ။
ပထမဦးဆုံး ချစ်ရမယ့်သူကိုတွေ့လို့ အဆုံးစွန်ထိချစ်ပစ်လိုက်ချင်မိတဲ့ ကိုယ့်ရဲ့စိတ်ကူးကမ္ဘာလေးက တိမ်တိုက်တစ်ခုလို တစ်စစီလွင့်ပြယ်နေကုန်ပြီ..
ငါ့ရှေ့ နောက်တစ်ခါ မပေါ်လာစေပါနဲ့တဲ့လား..။
ပြောထွက်ရက်လိုက်တာ.. ကျုပ်ရဲ့အချစ်တွေကို ခင်ဗျား သိပ်ကစားလွန်းတယ် ၊ နှိမ်လည်းနှိမ်ချရက်တယ် ။
ဘာလို့များ ခင်ဗျားလိုမိန်းမကို ကျုပ်ချစ်မိသွားတာလား.. ဘယ်ကနေဘယ်လို ခင်ဗျားကိုချစ်ဖို့ဒီရင်ထဲကနေ ပေါက်ဖွားလာရတာလဲ ..
ဘာလို့လဲ.. ကျုပ်ဘဝက အရာရာအဆင်ပြေနေတာကို ဘာကြောင့်ဝင်မွှေနောက်ခဲ့ရတာလဲ ။
နောက်ဆုံးမှာ နောင်ရိုးကပဲ ရှုံးနိမ့်သွားသည်လား..
ကျုပ်ကပဲ ထိခိုက်နစ်နာသွားတာတဲ့လား..
" အား.. "
ကားလမ်းဘေးတစ်လျှောက် ခြေတရွတ်တိုက်လျှောက်ရင်း လက်သီးတွေဆုပ်တင်းကာ အော်ထုတ်ပစ်လိုက်သည်.. ။
နေ့လည်ကတည်းက ခြေဦးတည့်ရာ လျှောက်ပတ်သွားနေတာ အခုမိုးတောင်ချုပ်နေပြီ.. နောင်ရိုးကိုယ်နောင်ရိုး ဘယ်ရောက်နေလို့ ရောက်နေမှန်း မသိတော့ ။
အခုချိန်ထိ နောင်ရိုးအိမ်ပြန်မရောက်သေးရင် ဇာနည် မျှော်နေလိမ့်မည်..
ကိုယ့်အပေါ်ဘယ်သူကမှ မကောင်းပေမယ့် သူကတော့ ကောင်းသည် ။
ဘယ်သူတွေ ဘယ်လိုပဲ ကိုယ်နဲ့မဆက်ဆံချင်သလိုလို ရွံသလိုလိုရှာသလိုလို လုပ်တတ်ကြပေမယ့် ဇာနည် ကအဲ့လိုမဟုတ်..
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
