Part (21)

4.6K 165 0
                                    

သားကောင်

🌸pann

Part (21)

" မင်း ဖြေးဖြေးမောင်းမရဘူးလား.. ဘယ်လောက် အလျင်လိုတဲ့ကိစ္စ ရှိနေသေးလို့လဲ "

အရှိန်တင်မောင်းနေလို့ ရင်တွေပန်းတွေ တုန်နေရတယ်.. ဘယ်လောက် အရေးတကြီး အမှီသွားစရာ ရှိနေလို့လဲ ။

အမြန်မောင်းမယ့်အစား ဖြေးဖြေးမှန်မှန် မောင်းလည်းလိုရာခရီး ရောက်နိုင်ပါလျက်နဲ့.. အခုလို မောင်းနေပုံထောက်ရင် ဘယ်ချိန်အသက်နဲ့ခန္ဓာ အိုးစားကွဲမယ် မသိဘူး ။

လေတိုးနေတာကြောင့် အနောက်ကနေသူကြားအောင် ပြောပြနေလည်းအရေးမလုပ်.. မောင်းချင်သလိုမောင်း ၊ ကွေ့ချင်သလိုကွေ့ ၊ ဖြတ်ကျော်ချင်သလို ဖြတ်ကျော် စိတ်ကြိုက်ကိုခြယ်လှယ်မောင်းနေတော့တာပဲ..သူတော့ မသိဘူး သူ့နောက်လိုက်ရတဲ့သူမှာတော့ ရင်တွေ တုန်လှပါဘိနဲ့ ။

အရှိန်က မလျှော့ဘဲပြေးနေတာမို့ သူ့ခါးကိုသာကျစ်နေအောင် ဖက်ထားရတယ်.. မတော်လို့နောက်ပြန်ပြုတ်ကျမှ ရုပ်ဆိုးပန်းဆိုး မရှုမလှသေနေအုံးမှာ စိုးရတယ် လေ ။

ပြီး အစိမ်းသေ မသေချင်ပါဘူး.. ရိုးရိုးလေးပဲ သေချင်တယ်

မောင့်ဆန္ဒလေး ပြည့်ချင်ပါတယ် နောင်ရိုးမင်းခေါင်ရယ်.. ဖြေးဖြေးသာသာလေး မောင်းစမ်းပါဟယ် ။

' ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ '

သူ့နောက်ကလိုက်ထိုင်ရင်း စိတ်ထဲမှာ သရဏဂုံတည်နေရသေးတယ်.. ။

ဘုရားသိကြားမပါစေ..

.

" ဟုတ်ကဲ့.. ဒီ မော်ဒယ်က  သိပ်မကြာသေးဘူးမြန်မာနိုင်ငံ ရောက်တာ ဒါကို ပိုင်ရှင်က သိပ်မစီးရသေးဘူး အိမ်က လူတွေ ကြောင့် ပြန်ရောင်းရတာ "

" ဘာကြောင့် ဒီလောက် ကောင်းတာကို ချက်ချင်း ရောင်းထွက်စေချင်တာလဲ မသိဘူးနော်.. တစ်ခုခု ဥပဒေနဲ့မလွတ်ကင်းတာများ ရှိနေမလား "

" ဟာ.. အဲလို မဟုတ်ပါဘူးဗျ ဒီဆိုင်ကယ်နဲ့ ပတ်သက်တာ မှန်သမျှ ကျွန်တော် တာဝန်ယူအာမခံနိုင်ပါတယ် ဘာအရှုပ်အရှင်းမှ မရှိစေရပါဘူး.. " 

သားကောင် (Unicode) Hikayelerin yaşadığı yer. Şimdi keşfedin