Part (6)

5.8K 206 5
                                        

သားကောင်

🌸pann

Part (6)

" အော်.. "

မောင် ဟင်းချက်နေတုန်း ဖုန်းသံကြားတော့ မီးခလုတ်ပိတ်ကာ ပြေးကိုင်ရသေးတယ်.. ။

ဘယ်သူများလဲ မှတ်တယ်.. သဇင်ထွန်းဆက်တာ

" အေး ထွန်း ပြော.. "

ဖုန်းကိုင်ရင်း ဟင်းချက်တဲ့နေရာဆီ ပြန်သွားရသေးတယ်.. အလှည့်ကျချက်စားကြရတာမို့ မောင် အချိန်အများကြီးယူလို့ မဖြစ်ဘူးလေ ။

ဖုန်းလည်းပြော ဟင်းလည်းချက်ရပေါ့..

" မောင် မနက်ဖြန် နေ့လည်ကျ အပြင်ခဏ ထွက်ခဲ့လို့ရလား.. ကော်ဖီဆိုင်ကိုပဲလေ "

" မောင် ထွက်ခဲ့လို့ရပါတယ်.. ဘာဖြစ်လို့လဲ "

" မနက်ဖြန် မောင့်ကို surprise တိုက်မလို့ "

" surprise တိုက်တာများ ဘူးလေးဝယ်ပြီး ပို့ပေးလည်းရတာပဲကို.. "

" မိမောင် ဘာတွေထင်နေတာလဲ.. အချိုရည်ကိုပြောနေတာမဟုတ်ဘူး နော် "

" ဒါဖြင့် ဘာလဲ.. "

" လာရင် သိလိမ့်မယ် "

" အရေးထဲ ဂမ္ဘီရတွေ လာရိုက်နေသေးတယ်.."

" လာခဲ့နော် "

" အေးပါ.. ဒါပဲမလား ငါဖုန်းချတော့မယ် "

" အမလေး ဇွတ်ကိုချချင်နေတော့တာပဲ.. ငါဖုန်းဆက်တာပါနော် "

" သိပါတယ်.. မောင်အခု ဟင်းချက်နေလို့ပါ "

" ဟင် ဟုတ်လား.. ဘာဟင်းချက် "

" ကြက်သားနဲ့ခရမ်းချဉ်သီး ရောချက်နေတာ.."

" ဟုတ်ပါပြီ.. အာ့ဆို ဒါပဲလေ မနက်ဖြန်တော့ စောစောထွက်လာနော် ဆိုင်ကို ရောက်ရင် ငါဖုန်းဆက်လိုက်မယ် သိလား "

" အေးပါ.. ဘာတွေအဲ့လောက် တက်ကြွတဲ့ကြက်မကြီး ဖြစ်နေမှန်းမသိဘူး မောင် လာခဲ့မယ် ရပြီလား "

" အိုခေ အိုခေ.. ဒါပဲနော် ဘိုင့်ဘိုင့် "

" အွန် "

မောင် ခေါင်းလေးအသာရမ်းရင်း ပြုံးရယ်မိသည်.. ထွန်းတစ်ယောက် ဘာတွေများ အဲ့လောက် တက်ကြွနေရတာပါလိမ့် ။

သားကောင် (Unicode) Donde viven las historias. Descúbrelo ahora