Part (13)

6K 197 10
                                        

သားကောင်

🌸pann

Part (13)

ရုံးတက်ဖို့ အဝတ်စားလှဲနေတုန်း ဖုန်းဝင်လာလို့ မောင် ကိုင်ရသေးသည်.. ။

ဖုန်းနံပါတ်စိမ်းမို့ ဘယ်သူလဲမသိ..။

" ဟယ်လို.. "

" ရုံးမသွားခင် ကျုပ်အိမ်အရင်ဝင်ခဲ့.. "

" ရှင်.. အခုပြောနေတာ က ဘယ်သူလဲ "

မောင် က ဟယ်လို လို့ ထူးပဲထူးရသေးတယ်.. အမိန့်ဆန်ဆန် စကားလုံးတွေက ပစ်ကျလာသည် ။

" ကျုပ်အသံ ခင်ဗျား မဖမ်းတတ်ဘူးလား.. နည်းနည်းပါးပါး ဦးနှောက်သုံးကြည့်ပါလား "

သိပြီ.. စကားပြောသံကအစ ဒီလောက် တင်စီးနေရင် ဘယ်သူမှန်း ခန့်မှန်းမိနေပြီ ။

" အိမ်က ဘာလုပ်ဖို့လာရမှာလဲ.. "

ရုံးချိန်က နီးနေတာကို သူ့အိမ်သွားနေရင် မောင် နောက်ကျနေမှာပေါ့.. ။

" ရိုက်ချက်စားဖို့ ခေါ်တာ "

" ဟမ်.. "

" ဒီမှာ ခင်ဗျားက သူဋ္ဌေးလား ကျုပ်ကသူဋ္ဌေးလား.. အိမ်လာခဲ့ဆို လာခဲ့ပေါ့ ဘာတွေအရစ်ရှည်နေတာလဲ "

" ဒီချိန်ကြီး ဘယ်လိုလာရမှာလဲ.. မင်းအိမ်နဲ့ငါ့အိမ်က တောင်နဲ့မြောက် အဲ့ကိုလာဖို့ကားက ငှားရမှာ ပြီးနီးနီးနားနားလည်း မဟုတ်ဘူး.. ဒီလောက် အလှမ်းထောက်နေတာ ရုံးချိန်နောက်ကျမှာပေါ့ "

မောင် သူ့အိမ်မသွားချင်ပါဘူး.. ။

" ခင်ဗျားက ရုံးချိန်စောစောရောက်တော့ရော ဘာလုပ်တတ်မှာမို့လို့လဲ ( အတွင်းရေးမှူ းမလုပ်ဖူးတာမို့ ) ..  ကားငှားစီးစရာမလိုဘူး ခင်ဗျားအိမ်ရှေ့ ကျုပ်ကားလွှတ်ထားပြီးပြီ သူနဲ့လိုက်ခဲ့ "

" ဟမ်.. ဘယ်တုန်းက တီ "

ကြည့်.. ဒီက စကားပြောနေတုန်း ရှိသေး သူကဖုန်းချပစ်လိုက်တယ်တဲ့ ။

လုပ်ချင်တိုင်းကို လုပ်နေတာပဲ..

မောင် အဝတ်စားလဲပြီးလို့ အိမ်တံခါးတွေပိတ် ၊ ခြံတံခါး သော့ခတ်ကာ ခြေလှမ်းမယ်ကြံကာ ရှိသေး ဟိုတစ်ခါကမောင့်ကိုခေါ်ပြီး တားတဲ့ကောင်လေး တစ်ယောက် က မောင့်ကိုတည့်တည့်ကြည့်ကာ ကားဘေးရပ်စောင့်နေသည်.. ။

သားကောင် (Unicode) Donde viven las historias. Descúbrelo ahora