သားကောင်
🌸pann
Part (19)
" အကို ဘယ်မှာချရမလဲ.. "
" အိမ်ရှေ့နားလေးမှာပဲ ချလိုက်.. ရတယ် "
" ဟုတ်ကဲ့ "
မောင် နောက်ဖေးမှာ ဟင်းချက်နေတုန်း အရှေ့က အသံတွေကြောင့် ဟင်းအိုးမိန်းချကာ အိမ်ရှေ့ထွက်သွားရသည်.. ။
အိမ်ရှေ့ရောက်တော့ နောင်ရိုးရယ် ကောင်းလွင်ရယ် ပြီး မောင်မသိတဲ့ ယောကျာ်းလေးသုံးလေးယောက်လည်း ပါသေးတယ်..
အိမ်ပေါက်ဝမှာလည်း ပစ္စည်း ပစ္စယတွေကလည်း ပုံလို့.. ။
အိမ်ကိုလာပြီး ဘာလာရှုပ်ကြပြန်ပါလိမ့်..
" ဪ.. ခင်ဗျားထွက်လာပြီလား မဟုတ်ရင် ကျုပ်ကလှမ်းအော်ခေါ်တော့မို့ "
" တော်သေးတာပေါ့.. လှမ်းအော်ခေါ်ဖို့အကြံရှိသေးလို့ အမှန်ဆို မင်း ခြံထဲမဝင်ခင်ကတည်းက ငါ့ကို လှမ်းခေါ်သင့်တာ မဟုတ်ဘူးလား.. "
မောင် သူ့ကို ရွဲ့ပြောလိုက်တယ်.. ဘယ့်နှယ့်အိမ်ထဲပဲ ရောက်နေပြီးမှ ခင်ဗျားကို အော်မလို့ရှိသေးတယ် ။
အမှန်ဆို အိမ်ထဲမဝင်လာခင် ခြံပေါက်ဝမှာကတည်းက အသံပေးပြီးဝင်လာသင့်တာ မဟုတ်ဘူး လား..
သူ့လုပ်ပုံက ဘုန်းကြီးခေါင်းခေါက်ပြီးမှ ပြန်ကန်တော့တောင်းပန်တာနဲ့ တူမနေဘူးလား..။
" အစက အော်မလို့ပဲ.. ဒါပေမယ့် ခြံတံခါးကသော့က ချိတ်ရုံချိတ်ထားတော့ အပြင်ကနေလက်နှိုက်ပြီး ဝင်လာလိုက်တာ.. အခုလို ဝင်လာတော့လည်း ဘာဖြစ်လဲ ခင်ဗျားနဲ့ကျုပ်က ခွင့်တောင်းနေရမယ့် သူစိမ်းတွေ မဟုတ်ဘူး လေ.. ဟုတ်တယ် မလား "
ကြည့်.. အဲ့မျက်လုံးတစ်ဖက်က အကြောလိုက်ပြီး မှိတ်ပြပြန်ပြီ ။
အိမ်လည်း ဝင်ချင်သလိုဝင်လာသေးတယ်.. သူကြိုက်သလိုလည်း မောင်ပိုင်စီးသေးတယ် ဘယ်လိုကောင်မှန်းကို မသိဘူး ။
" ဘာပဲဖြစ်ဖြစ် မင်းတို့ ပြန်ကြတော့.. "
" အခုမှ ရောက်တာကို ဘာပြန်ရမှာလဲ မပြန်ဘူး.. "

YOU ARE READING
သားကောင် (Unicode)
Romance" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...