သားကောင်
🌸pann
Part (32)
" အီး.. အုဝဲ "
သမီးငယ်ရဲ့ငိုသံလေးက လှိုင်ထွက်လာတော့ နောင်ရိုးလုပ်နေတဲ့စာရင်းတွေချပြီး သမီးဆီပြေးရသည်.. ။
" မောင် သမီးငိုနေတယ်လေ.. မောင် "
သမီးဒီလောက်အော်ငိုနေတာတောင် မောင်က မချော့ဘူးလား မသိဘူး.. ။
အခန်းထဲရောက်တော့ သမီးကို တွေ့နေပေမယ့် ဘေးမှာ မောင်ကမရှိ..ဘယ်တွေများသွားနေလဲမသိဘူး ။
" သမီးရေ.. ဘာလို့ငိုနေတာလဲ ဟွန် "
သမီးကို ကောက်ပွေ့ချီပြီး အရင်ချော့မြူ နေရသည်.. ချော့မြူ နေလည်းပဲ သမီးက အာခေါင်ခြစ်ငိုနေတုန်း ။
" ကျွတ် ကျွတ်.. တိတ်တိတ် မငိုနဲ့နော် ဖေကြီးရှိတယ် မငိုနဲ့ "
" မောင်ရေ.. မောင် "
" ဟေ အေ.. လာပြီ လာပါပြီ "
မောင် အမောတခေါလေးနဲ့ အခန်းထဲ ပြေးဝင်ရသည်..
" ပေး ပေး.. သမီး ဗိုက်ဆာနေလို့နေမယ် "
မောင်က လက်ပြောင်းယူနေတော့ နောင်ရိုးအသာပြောင်းပေးလိုက်သည်..
" ခင်ဗျား ဘယ်ရောက်နေတာလဲ.. ".
မောင်ကမဖြေအားသေးဘူး.. ကလေးနို့တိုက်ဖို့ လုပ်နေတာ ။
အဟက်.. အရှက်ကလည်း ကြီးပါ့ ။
ခြုံပုဝါလေး ကိုယ်ပေါ်မှာလွှားထားပြီး ကလေးနို့တိုက်နေတာ..
" ငါ သမီး အိပ်ပျော်နေတုန်း ခဏ အောက်ဆင်းပြီး ထမင်းသွားစားတာ.. သမီးကလည်း တန်းနိုးလာမယ်လို့ ဘယ်ထင်မလဲ "
" ခင်ဗျား ကောင်းကောင်း မစားခဲ့ရသေးဘူးလား.. "
" တစ်ပန်းကန်တောင် မကုန်သေးဘူး.. "
အဟွန်း.. ။
နောင်ရိုး ကြိတ်ပြီးရယ်မိရသေးတယ်.. တစ်ပန်းကန်တောင် ကုန်အောင် မစားခဲ့ရဘူးလို့ ပြောနေတဲ့ရုပ်လေးက သနားချင်စရာ..
ဟုတ်လည်းဟုတ်ပါတယ်.. သမီးလေး မွေးပြီးကတည်းက နှစ်ယောက်လုံး ထမင်းတောင် ဖြောင့်အောင် မစားဖြစ်ဘူး မောင်ကပိုဆိုးတာပေါ့
BẠN ĐANG ĐỌC
သားကောင် (Unicode)
Lãng mạn" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
