Part (15)

4.9K 178 4
                                    

သားကောင်

🌸pann

Part (15)

" တောက်.. "

နောင်ရိုးကားမောင်းနေရင်း တောက်ခေါက်ပစ်လိုက်သည်.. ။

စောနကတည်းက တောက်ခေါက်ချင်နေတာ မောင်ရှိနေလို့သာ စိတ်ထိန်းနေရတာ..

ကိုယ့်မှာတော့ တစ်ဖက်မှာ အလုပ်တွေရှုပ်ပြီး စိတ်များနေရချိန် ကောင်းလွင်ဆီက ဖုန်းဝင်လာတယ်.. မထက်က ဘယ်မှာဘာလုပ်နေတယ် ဘယ်သူနဲ့တွေ့နေတယ် ကြားတော့ လုပ်နေတဲ့အလုပ်တွေတောင် ပစ်ထားခဲ့ပြီး ဇွတ်ကားမောင်းထွက်ခဲ့ရတာ.. ။

ဆိုင်ကိုလည်း ရောက်လည်းရောက်ရော ပြုံးဖြီးနေတာတွေ့ပြီ.. အဲ့ကောင်ကို အပြုံးတွေစျေးပေါပေါသီသီနဲ့ အလကား နီးပါးပေးဝေနေလိုက်တာ ဒီကောင်နောင်ရိုးကျ အမြဲအေးတိအေးစက်ကြီးနဲ့.. အပြုံးကိုတွေ့ရဖို့ရှားတယ် မဟုတ်ဘူး မတွေ့ရသလောက်နီးပါးပဲ ။

အဲ့ကောင်နဲ့တရင်းတနှီးရှိတာကို မကြိုက်ဘူး..

မကြိုက်တဲ့ကောင်နဲ့မှ ခင်မင်ရင်းနှီးပြုံးပျော်နေတာလည်း မောင် ပဲ.. ။

ကျုပ် မကြိုက်ဘူး မောင်.. ကျုပ် မကြိုက်ဘူး ။

ခင်ဗျားသိအောင် ဘယ်နည်းတွေထပ်သုံးပြီး ပြောရမလဲ..

ဘာတဲ့.. မယုံဘူးတဲ့လား ကျုပ်ကိုယ်ကျုပ် ဘယ်လောက်ပြောင်းလဲခဲ့လဲဆိုတာ ခင်ဗျားကိုသိစေချင်လိုက်တာ ။

မိန်းကလေးတွေ မရှုပ်တော့ဘူး.. ။

အလုပ်မရှိတဲ့ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်နဲ့ ယောင်ခြောက်ဆယ် မလုပ်တော့ဘူး.. ။

ဆံပင်ကို ဘိုသီဘတ်သီနဲ့ ကြည့်ရတာရှုပ်အောင်မနေတော့ဘူး.. ။

တစ်ခါတလေ အလုပ်လုပ်ရင်း စိတ်တွေရှုပ်ထွေးလာတဲ့အခါ စိတ်အပန်းဖြေဖို့ ဆေးလိပ်လေးဖွာချင်ရင်တောင် ခင်ဗျားအနံ့မခံနိုင်ဘူးပြောလို့ ခင်ဗျားရှေ့ တနေကုန် မသောက်ဖြစ်ဘဲ ညမှ သောက်ဖြစ်ခဲ့တာတွေ.. ။

ခင်ဗျားသိလား.. ကျုပ်မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုပြု ပြင်ပြောင်းလဲတတ်တဲ့ ကောင် မဟုတ်ဘူး ဒါပေမယ့် ကျွန်တော် ပြောင်းလဲခဲ့တဲ့အပြင် ခင်ဗျားရှေ့ရောခင်ဗျားနောက်ကွယ်မှာပါ ဆင်ဆင်ခြင်ခြင် နေတတ်နေပြီ..

သားကောင် (Unicode) Where stories live. Discover now