Part (5)

4.9K 185 2
                                    

သားကောင်

🌸pann

Part (5)

" ဟော.. တွေ့ပြန်ပြီ "

မောင် အခုတလော ဘယ်သွားသွား ဘာလုပ်လုပ် ဟိုလူကိုတွေ့တွေ့နေရသည်.. ဒါလည်း သူတစ်ယောက်ထဲ မဟုတ်ဘူး တွေ့တိုင်းအမြဲ ခပ်လန်းလန်းကောင်မလေး တစ်ယောက် ပါစမြဲ..။

ကောင်မလေးနဲ့ကလည်း အမြဲကင်းကင်းရှင်းရှင်းမနေ.. ကြည့်လိုက်ရင် ပွတ်သပ်နမ်းရှုံ့နေတာ မြင်မကောင်း ရှုမကောင်း ။

ပြီး ဝေးဝေးလံလံ သွားကြတာ မဟုတ်ဘူး.. မောင့်ပတ်ဝန်းကျင် မောင်နေထိုင်ကျင်လည်နေတဲ့ နေရာမှာ တဝဲလည်လည်နဲ့ ။

ဘာအထာနဲ့ အခုလိုတွေ လိုက်လုပ်ရှုပ်နေတာလဲ လည်းမောင်မပြောတတ်.. တွေ့တိုင်း မောင်အလေးထားနေခဲ့တာ မဟုတ်ဘူး ဂရုလည်းစိုက်မနေဘူး ကိုယ့်အလုပ်ကိုယ် ကိုယ်လုပ်စရာ ရှိတာ ကိုယ် လုပ်မြဲတိုင်းလုပ်နေလိုက်တယ်..။

မောင်နဲ့မဆိုင်တာကို သွားပြောနေလို့လည်း ကိုယ့်အလွန်လာဦးမယ်.. ဒီတော့ မြင်နေရလည်း မမြင်သလို ဟန်ဆောင်နေလိုက်တယ် ။

" ဟေ့ နေဦး.. "

အနောက်ကနေ အမိန့်သံလိုလို ခပ်ဆတ်ဆတ်နဲ့ ပြောသံကြားကတည်းက မောင့်ကို ဟိုလူပြောလိုက်မှန်း သိသည်.. ဒါပေမယ့် မောင် လျှောက်နေတာ ရပ်တန့်လိုက်တယ် မရှိဘဲ ဆက်လျှောက် မြဲလျှောက်နေလိုက်သည် ။

" မင်းကိုပြောနေတာ မင်းမကြားဘူးလား.. "

" လွှတ်.. ကျွန်မလက်ကို "

ဒီလူဟာလေ စကားပြောရင် ဘယ်တော့မှ ပါးစပ်နဲ့မပြောဘူး.. လက်အမြဲပါတယ် ။

အခုလည်းကြည့် မောင့်ရှေ့မှာပိတ်ရပ်ပြီး မောင့်လက်ကို လာဆွဲတားနေသေးတာ.. ။

" မင်း ငါခေါ်တာ မကြားဘူးလား.. "

" ကြားတယ် "

" ကြားတယ်စမ်းနဲ့ မင်းဆက်လျှောက်တယ်ပေါ့လေ.. "

" ရှင်နဲ့ကျွန်မ ပြောစရာ စကားမှမရှိတာ.. "

" မင်းမရှိပေမယ့် ငါ့မှာရှိတယ်.. မင်းမှာပြောစရာစကားမရှိလည်း ငါပြောတာ မင်းနားထောင် "

သားကောင် (Unicode) Onde histórias criam vida. Descubra agora