သားကောင်
🌸pann
Part (8)
" အေ့.. "
" ကျွတ် "
ဇာနည် အိမ်ပေါ်ကကောင် အသံကြောင့် ကျွတ်တစ်ချက် စုပ်ကာ ထပြီးပုဆိုး ခပ်တိုတိုပြင်ဝတ်ရင်း အ်ိမ်ပေါ်တက်သွားလိုက်သည်..
မနေ့ညကတည်းက ဒီကောင် ဘယ်ကပိုက်ဆံနဲ့ပုလင်းတွေ ဝယ်ချလာလဲ မသိဘူး.. ဇာနည် သောက်ရအောင်ဆိုတော့ ကိုယ်လည်း ဝင်သောက်ခဲ့တာပဲ ။
ညက မူးရူးပြီးနှစ်ယောက်သား ပြောချင်ရာတွေ ပြောနေလိုက်တာ အခုမနက်တော့ဘာမှစဉ်းစားမရတော့..
ကိုယ်က ဒီမနက်တော့ ဆက်မသောက်ပေမယ့် ဟိုကောင်က တော့ အခုထိချတုန်း.. မသောက်နဲ့ ပြောလည်း ခွေးကောင်က နားထောင်သည်မဟုတ် ။
မူးမူးရူးရူးနဲ့ ကိုယ်လုံးတွေ သုံးရာ့ခြောက်ဆယ်ဒီဂရီလောက် လည်နေပေမယ့် သောက်နေတုန်း.. နေ့ခင်းနေ့လယ်ထိတော့ တစ်ဆိတ်လောက်လွန်နေပြီ ။
တော်ကြာ အသောက်လွန်ပြီး အနိစ္စရောက်တော့မှာပဲ.. ။
သောက်ဖို့ပြင်နေတဲ့ ခွက်ကို ဆွဲလုယူလိုက်တော့ ဝေဝေဝါးဝါးနဲ့လျှာလေးအာလေး ပြောသံကထွက်လာတယ်..
" ဟ.. ဘာလုပ်တာလဲ ပြန်ပေး "
" တော်တော့ "
" မတော်ဘူး.. ပြန်ပေး "
ယိုင်ထိုးနေရင်းကနေ လက်ထဲက ခွက်ကို လှမ်းဆွဲနေသေးတယ်.. ။
" ဟျောင့် ပေးဆိုကွာ.. "
" မင်း ဘယ်လိုဖြစ်လို့ အဲ့လောက် အငမ်းမရ သောက်နေတာလဲ.. မသောက်ဖူးတဲ့ လူအတိုင်း "
" အဟက်.. ဒီအရည်တွေတော့ ငါသောက်ဖူးတာပေါ့ ဒါပေမယ့် ဒါပေမယ့် ဒီရင် ဘုတ် ဘုတ် ဒီရင်က မနာဖူးတဲ့ဒီရင်က အရမ်းနာနေတယ် "
ရင်ဘတ်ကိုပုတ်ပြပြီး မျက်လုံးတောင် မဖွင့်ဘဲ ပြောနေတဲ့ နောင်ရိုးကိုကြည့်ရတာ ကြည့်မကောင်း.. ။
" နာနေလည်း ဆေးခန်းပြကွာ.. "
" ဆေးခန်း သွားပြရင် သက်သာပါမယ်လို့ မင်းအမေကြီးဒေါ်ကြီးက ပြောလား.."
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
