Part (30)

5.8K 172 0
                                    

သားကောင်

🌸pann

Part (30)

" မောင်ေ.. "

" ဟဲ့ ဟဲ့.. ငါမှာလိုက်တာ ပါလာလား "

" ဟာ ဟာ.. မောင် ဖြေးဖြေးလေးလာပါဗျာ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်နေတယ်များမှတ်နေလား မောင်နဲ့တော့ဗျာ "

အိမ်ထဲစီးဖိနပ်ပြောင်းစီးရင်းနဲ့ အိမ်ထဲခြေချကာ မောင့်ကိုလှမ်းအော်ခေါ်မို့ ရှိသေး.. အိမ်ထဲကနေ အလောတကြီးလေးနဲ့ ပြေးလာတဲ့မောင် ။

နောင်ရိုး မျက်လုံးပြူ းရကာ မောင့်ဆီအပြေးလွှားလေးသွားကာ ဆွဲတားရသည်..

အခုဆို ဗိုက်လေးကထွက်နေပြီ .. ဒါကို လှုပ်လှုပ် လှုပ်လှုပ်လေးနဲ့ ပြေးလာနေတာ ။

" ရပါတယ် မင်းကလည်းမနေနဲ့.. ပူမနေနဲ့ ငါမှာတာပါတယ်မလား ပေး ပေး "

ပြောဆိုနေရင်းနဲ့ကို နောက်ရိုး လက်ထဲက အိတ်တွေကို ဇွတ်လက်ပြောင်းယူနေတာ.. ။

" ရတယ် မောင်.. ဘယ်လိုဖြစ်နေတာလဲ ကျွန်တော်လုပ်ပေးပါ့မယ် ဇွတ်ဆွဲယူနေတော့တာပဲ "

" ငါ စားချင်နေပြီ.."

" ကဲ.. လာ လာဗျာ "

အိတ်ကိုတော့ လက်ပြောင်းပေးမနေဘဲ ကိုယ်ပဲဆက်ဆွဲထားရင်း မောင့်ပခုံးလေးကိုဖက်ကာ အသာခေါ်ရသည်..

" ဒီမှာထိုင်အုံး.. ကျွန်တော်လုပ်ပေးမယ် "

" အမ်... "

နောင်ရိုး ထိုင်ခုံကို ကိုယ်တိုင်ဆွဲထုတ်ပေးပြီး မောင့်ကို အသာလေးထိုင်ခိုင်းထားရတယ်.. ။

မောင် နောင်ရိုးနေရာပေးတဲ့နေရာမှာ အမြန်လေးဝင်ထိုင်ချလိုက်သည်..

" ဟ မောင်ဗျာ.. ဖြေးဖြေး ထိုင်စမ်းပါ "

ပြောမှ ရမယ်.. သူ့ကိုယ်သူလူလွတ်များ ထင်နေလားမသိဘူး ဘာအရာကိုမှ အေးဆေးအသာမလုပ်ဘူး ။

အခုလည်း ဘာထူးလဲ.. ခုံမှာ လစ်ခနဲ အမြန်ဝင်ထိုင်လိုက်တာက ။

မတော်တဆ သူနဲ့ကလေးပါ ထိခိုက်သွားမှဖြင့်.. ကျွတ် အတွေးထဲမှာ တောင်လန့်တယ် ။

" အေးပါ ခွဲတော့ ခွဲတော့.. "

" အဟက်.. "

နောင်ရိုး တကယ် ပြောမနိုင်တော့ဘူး.. ။

သားကောင် (Unicode) Место, где живут истории. Откройте их для себя