Part (10)

5.2K 190 0
                                    

သားကောင်

🌸pann

Part (10)

" အဟက်.. တော်တော် ကြည့်ကောင်းတဲ့ မြင်ကွင်းပဲ "

" ဟင်.. "

အသံကြောင့် မောင်နဲ့ဇော် အပေါ်မော့ကြည့်တော့ သူ.. ။

ခနဲ့တဲ့တဲ့ လှောင်ပြောင်ရယ်နေတဲ့ သူ့မျက်လုံးတွေနဲ့နှုတ်ခမ်းသား..

မောင်တို့ရှေ့ တည့်တည့်မှာ ရယ်မြူ းပြနေတဲ့သူက ခံစားချက် အမှန်မှဟုတ်ရဲ့လား.. ။

ပြီး မောင်တို့ရှေ့တည့်တည့်မှာ ဝင်ထိုင်လိုက်ကာ..

" ဘာတွေများ အဲ့လောက် မျက်ရည်ကျနေတာလဲ.. မောင် "

အေးဆေးအသာ တည်တည်ငြိမ်ငြိမ်ပုံ ဖမ်းထားပေမယ့် စကားပြောသံကတော့ ဒေါသလှိုင်းတွေ ရိုက်ခတ်နေပြီမှန်း မောင် သတိထားမိပါသည်.. ။

" ခင်ဗျားကို တွေ့ဖူးသလောက် အချိန်တောတွင်းမှာ အခုလိုငိုတာမမြင်ဖူးဘူး.. ဘယ်သူ့ကြောင့်များ ငိုရတာလဲ "

ရိုးရိုးတန်းတန်းမေးတာတင် မဟုတ်ဘူး.. ဇော့်ကို စောင်းချိတ်ကြည့်ပြီး မေးလိုက်တဲ့စကားကြောင့် ဇော်ကလည်း ရှူ းရှူ းရှားရှား ဖြစ်လာသည် ။

" ဟျောင့်.. မင်း ဘယ်သူ့ကို ပြောတာလဲ "

" ဘယ်သူ့ကိုပြောတယ်လို့ မင်းထင်လဲ.. မင်းထင်တာမမှားဘူး ငါပြောတဲ့သူကမင်းထင်တဲ့သူပဲ "

" ဘာကြ.. "

" ဟဲ့ ဇော် "

ဇော်က ထ ထိုးဖို့ ဖင်တရွရွဖြစ်နေတော့ မောင် လက်ဆွဲတားထားရသည်.. ။

" ငါဘာမှမဖြစ်ဘူး.. မင်း ငါတို့ရှေ့က ထွက်သွားပေးပါ "

မောင် သူ့ကိုပြောလိုက်တော့ သူ့ရဲ့မာန်ဟုန်ပြင်းနေကာ မီးဟုန်းဟုန်းတောက်နေတဲ့ မျက်လုံးကြီးတွေနဲ့ လှည့်ကြည့်တော့ မောင့်မှာ လန့်တောင် လန့်သွားရသည်.. ။

" ကျုပ်ကို ထွက်သွားခိုင်းရအောင် ဒီထိုင်ခုံခင်ဗျားပိုင်နေလား မောင်.. "

" ဟေ့ကောင်.. မင်း စကားပြောရင့်လှချည်လားကွ ဒီဝိုင်းမှာငါတို့အရင်ထိုင်နေတာ မင်းလူမှုရေးသိတတ်ရင် အစကတည်းက တခြားခုံတွေသွားထိုင်ရမှာ "

သားကောင် (Unicode) Donde viven las historias. Descúbrelo ahora