Part (20)

5.2K 157 6
                                    

သားကောင်

🌸pann

Part (20)

" မင်း ငါ့အိမ်ကို ခဏခဏ မလာပါနဲ့.. "

အိမ်ထဲကိုဝင်ရုံလေးပဲ ရှိသေးတယ်.. တားမြစ်ခံနေရပြီ ။

သူပြောလည်းပြောပဲ.. ဂရုစိုက်မနေတော့ အိမ်ထဲထိရောက်အောင် နောင်ရိုးတန်းတန်းမတ်မတ်လေး ဝင်သွားလိုက်သည်..

မလာနဲ့ဆိုတိုင်း ပြန်သွားရကြေးဆိုရင် ခင်ဗျားနဲ့ကျုပ် ဒီတသက်ဝေးရမှာ အသေချာပဲ ။

မောင် ပြောနေလည်း ဂရုမစိုက်စွာ အထဲကို ဝင်သွားတဲ့အပြင် ခုံမှာကျကျနန တောင် ခြေချိတ်ထိုင်နေသေးတာ.. ဟူး မောင်တော့ ဘယ်သူနဲ့စကားပြောနေရပါလိမ့် ။

" မင်း အိမ်ကို ခဏခဏ မလာပါနဲ့.. "

မောင် သူ့ရှေ့သွားရပ်ပြီး မမာမထန်သော လေသံနဲ့ ပြောလိုက်၏..။

" ဟ.. ကျုပ်ထိုင်တာ ဖင်တောင်မပူသေးဘူး ဘယ်လိုဖြစ်လို့ ခဏခဏ ပြန်လွှတ်နေရတာလဲ တစ်ခါတလေလေး ကျုပ်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး ဧည့်ခံပေးရင်တော့ ခင်ဗျားစကားနားထောင်ပေးချင် ပေးမိအုံးမယ်.. အခုလည်း ကျုပ်ကို နှင်ထုတ်မနေနဲ့ ထပြန်မှာမဟုတ်ဘူး "

မောင် စိတ်ညစ်ပြီး သူနဲ့မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်သည်.. ။

" ဒီမှာခင်ဗျားအတွက် သစ်သီးတွေဝယ်လာတယ်.. "

" ငါ့အတွက် မလိုပါဘူး.. "

" မလိုဘူးဆိုတာ မရှိဘူး.. ငြင်းဖို့ပြင်မနေနဲ့ "

အဲ့လို မောင်ပြောတဲ့စကားတိုင်း အကုန်ကို ပယ်ချနေတာပဲ.. ။

" မိုးချုပ်နေပြီ.. မင်း မပြန်သေးဘူးလား "

နောင်ရိုး မျက်ခုံးတွန့်ကုတ်ကာ မောင့်ကို မကျေမနပ်လေး စိုက်ကြည့်လိုက်သည်.. ။

ပါးစပ်ဟလိုက်တိုင်း ဘာလို့ပြန်ဖို့စကားချည်းပဲ ထွက်နေတာလဲ.. မောင် ခင်ဗျား ဘာဖြစ်နေတာလဲ ။

" ကျုပ်ကို ဘာလို့အဲ့လောက် နှင်လွှတ်နေတာလဲ.. "

" ညကြီးမိုးချုပ်မှ မိန်းကလေး တစ်ယောက်ထဲ ရှိတဲ့အိမ်ကို ယောကျာ်းလေး လာလာနေတာ မကောင်းဘူးလေ.. "

သားကောင် (Unicode) Tempat cerita menjadi hidup. Temukan sekarang