Part (3)

7.1K 221 3
                                        

သားကောင်

🌸pann

Part (3)

" ဟင် ရှင်.. "

မောင့်လက်ကို ရုတ်တရက်ကြီး အနောက်ကနေ လှမ်းဆွဲခံရတော့ လန့်လည်းလန့်သွားရတဲ့အပြင် မောင့်လက်ကိုလာဆွဲလိုက်တဲ့ လူကိုလည်းတွေ့ရော ဒေါသက ထောင်းခနဲထွက်သွားရသည်.. ။

" ရှင် ဘာလုပ်တာလဲ.. လွှတ်စမ်း "

မောင်ရုန်းလိုက်တော့ တန်းပြေလွှတ်ခြင်း ခံလိုက်ရလို့ စိတ်ထဲ သက်မလေးချနိုင်သေးသည်..မဟုတ်ရင် လမ်းမကြီးမှာ အော်ကြီးဟစ်ကျယ် ဖြစ်ခဲ့ရင် ရှက်စရာ ကောင်းသည်လေ ။

မျက်နှာကြီး နီဖြန်းလာပြီး ဒေါသထွက်နေတဲ့ မောင့်မျက်နှာလေးတွေ့မှ နောင်ရိုး သတိဝင်မိတော့တယ် ။

" ဆောရီး မောင်.. "

နောင်ရိုး ခပ်တည်တည်နဲ့ ပြန်ပြောလိုက်သည်

" ဘာ.. ရှင် ကျွန်မကို ဘယ်လိုခေါ်တယ် "

" မောင်လို့ ခေါ်တာလေ.. ဘာဖြစ်နေလို့လဲ "

" ရှင် ကျွန်မကို အဲ့လိုခေါ်စရာမလိုဘူး.. နောက်ကျွန်မကို အဲ့လိုတရင်းတနှီးလာမဆက်ဆံနဲ့ ကျွန်မမကြိုက်ဘူး "

" မောင့်ကိုမောင်လို့ မခေါ်လို့ ကျွန်တော် ဘယ်လိုခေါ်ရမလဲ.. "

" နာမည်ခေါ်ပြောကြရအောင် ရှင်နဲ့ကျွန်မက သိလို့လား.. "

" မင်းနာမည် ကိုတောင် ကိုယ်သိနေတဲ့အနေအထားမှာ မသိကြတဲ့သူတွေ ဖြစ်နိုင်နေမလား မောင်.. "

" တောက်.. ရှင်လူလိုပြောနေတာ လူလိုနားမလည်ဘူးလား ကျွန်မကိုမောင်လို့မခေါ်နဲ့ ကျွန်မမကြိုက်ဘူးလို့ ပြောနေတာ ရှင်နားမလည်ဘူးလား "

" ဆောရီး မောင်.. မင်းမကြိုက်ပေမယ့် ကိုယ်ကြိုက်တယ် ဒီတော့ ဆက်ခေါ်နေဦးမှာပဲ "

" ရှင် လူ "

" နောင်.. အသိလား "

မောင် ဒီလူကို ပြောနေတုန်း အနားကို ရောက်လာတဲ့ကောင်မလေးတစ်ယောက်က ချွဲချွဲနွဲ့နွဲ့ ခေါ်ပြီး လက်မောင်းချိတ်ပြကာ မောင့်ကို စုန်ချည်ဆန်ချည် ကြည့်နေသေးတာ ။

သားကောင် (Unicode) Où les histoires vivent. Découvrez maintenant