သားကောင်
🌸pann
Part (7)
အိပ်ခါနီး စာလေးဖတ်နေတုန်း ဖုန်းဝင်လာလို့ ကြည့်တော့ ဖုန်းနံပါတ်စိမ်း.. ။
ဘယ်သူမှန်းသေချာမသိပေမယ့် မောင် ဖုန်းကိုင်လိုက်သည်
" ဟယ်လို.. "
" မောင် ဘာလုပ်နေတာလဲ ဖုန်းကိုင်တာကလည်း ကြာလိုက်တာ "
" ဟင် ဇော် "
" အေး.. ငါ ဘာဖြစ်လို့လဲ "
" ဆင်းကဒ် လဲပြန်ပြီလား "
" ဒီတစ်ခါပဲ ရှိပါသေးတယ်.. နင်ကလည်း "
" တစ်ကဒ်ဆို တစ်ကဒ်ပဲသုံးပေါ့ ဇော်ရဲ့.. "
" မောင် ရစ်ဖို့မကြံဆောင်လေနဲ့.. ငါ အခုလေးတင် ထွန်း လေပစ်တာ နားထောင်လာတာ နင်ပါထပ်လေပစ်ရင် ငါနားပင်း ဖြစ်တော့မယ် "
" ခိ.. "
မောင် ရယ်မိပါသည်.. ။
" ရယ်နေ အဲ့မှာ.. နင်အခုဘာလုပ်နေတာလဲ "
" စာအုပ်ဖတ်နေတာ "
" အေ.. ကောင်းပါတယ် "
" ငါ့သာ မေးနေတာ နင်အခုဘာလုပ်နေတာလဲ.. "
" အီးအီးပါ နေတာ "
" ကောင်စုတ်.. နင်မညစ်နဲ့နော် "
" ဟားဟား.. "
" ဖြေးဖြေး ရယ်အုံး.. အိမ်ပြိုကျလာမယ် "
" ငါ့အိမ်က ခိုင်မှခိုင်.. နာကစ်တိုက်တာတောင် မပြိုဘူး "
" အိုဗာတင်း အရမ်းဖျော်.. နင်အဲ့လိုလေကြီးနေလို့ နင်ရည်းစားမရတာ "
" မောင် ပြန်ကြိုက်ပေးရင်တော့ ငါ့မှာရှိပါတယ်.."
" ဟွန့်.. မောင် ကတော့ နိုးပါ "
" အမြဲခေါင်းခါနေတာ တစ်ခါလောက်လေးတော့ ခေါင်းညိမ့်ကြည့်ပါလား.. မောင် ရဲ့ "
" ဇော်နော်.. နင် စ နေတာ အကြောင်းမဟုတ်ဘူး ဘေးလူကြားရင်အထင်လွဲမယ် "
" အထင်လွဲတော့ ဘာဖြစ်လဲ.. နားဖောက်ပြီးသား ဖြစ်တာပေါ့ "
" တော်ပြီ.. နင့်ကိုပြောလည်း ငါအာပေါက်ရုံပဲရှိမယ် ဘယ်တော့ဖြစ်ဖြစ် ငါ့ကို မစဘဲမနေနိုင်ဘူး "
ВЫ ЧИТАЕТЕ
သားကောင် (Unicode)
Любовные романы" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...