သားကောင်
🌸pann
Final..
" တွီ ဒုန်း.. "
" အေမ့.. "
မောင် ပန်းကန်ဆေးကြောနေတုန်း အိမ်ရှေ့က ဘောက်သံကြောင့် လန့်တောင်လန့်သွားရသည်..
တိတ်ဆိတ်နေတဲ့အချိန် ထ ထွက်လာတဲ့အသံကြောင့် လန့်ပြီးအော်မိရတဲ့ထိပဲ.. ။
" ဟင်း.. ဒီသားဖနှစ်ယောက်တော့ လုပ်ပြန်ပြီ "
သီချင်းတွေအကျယ်ကြီးဖွင့်ပြီး က ခုန်နေတဲ့အချိန် ရောက်သွားပြန်ပြီနေမှာပေါ့.. ။
ဆူညံနေလို့ သွားပိတ်လိုက်ပြန်ရင်လည်း သားဖနှစ်ယောက်သား အသံခြစ်အော်အုံးမယ်..
မောင်တော့ ကလေးကြီးရော ကလေးသေးရောထိန်းနေရသလိုပဲ.. ဗိုက်ထဲ ပိစိလေးကလည်း ရှိနေပြန်တယ် ။
အက်ထရာဆောင်းရိုက်ပြီးတော့ ဗိုက်ထဲက ပိစိလေးက သူပြောသလို သားယောကျာ်းလေးပဲ..။
သူကတော့ အပျော်ကြီးပျော်နေလို့.. ဇာနည် ကိုလက်စားချေရတော့မယ် ဆိုပြီး
ထွန်းလည်းကိုယ်ဝန်ရှိနေတာလေ.. ထွန်းက မောင့်ထက်အရင်လေးလ လောက်ကတည်းက ကိုယ်ဝန်လွယ်ထားတာ ။
ထွန်းက အရင်အာထရာဆောင်းမရိုက်သေးဘဲ မောင်နဲ့အတူရိုက်တော့ သူလည်းယောကျာ်းလေးပါလို့လည်း ဆိုရော နောင်ရိုးဖြစ်သွားတဲ့ မအီမလည်ရုပ်ကြီးက ရယ်စရာ ကောင်းလှသည်..
ဒါပေမယ့်လည်း သားလေး လိုချင်နေတဲ့သူ့အဖို့ မိသားစု အပေါ်မှာတော့ တာဝန်ကျေသလို ချစ်လည်းချစ်ခင်ပေးသေးတယ်.. ဇာနည်နဲ့တွေ့ရင်တော့ သမီးလးနဲ့ပတ်သက်ပြီး ရန်စကားများနေရတုန်းပါပဲ
" မောင် ဘာလုပ်နေတာလဲ.. "
နောင်ရိုး သမီးလေးကို သီချင်းဖွင့်ပေးခဲ့ပြီး မောင့်ဆီလာတော့ ခုံပေါ်တက်ပြီးပန်းကန်သိမ်းနေပြန်ပြီ.. ဒီမိန်းမ တော့လေ ။
" ဆင်း.. ဆင်းစမ်းပါဗျာ "
" အို.. ဘာလို့ ဇွတ်အတင်း လုပ်နေတာလဲ "
မောင့်ကို ပွေ့ချီပြီး အောက်ကိုချပေးပြန်တယ်.. ပန်းကန်တွေက သိမ်းမပြီးသေးပါဘူးဆိုမှနဲ့ ။
VOCÊ ESTÁ LENDO
သားကောင် (Unicode)
Romance" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...