သားကောင်
🌸pann
Part (29)
" ဟင်.. ဇာနည် အိမ်ပြောင်းမလို့ ဟုတ်လား "
" ဟုတ်ကဲ့ မမထက်.. မနက်ဖြန် မနက်ပြောင်းမှာမို့ ကြိုပြောထားတာ တော်ကြာပြောမသွားဘူးဆိုပြီး စိတ်ခုနေမှာစိုးလို့ "
" ဒီမှာနေလည်း ဘာဖြစ်လို့လဲ ဇာနည်.. ဟို နောင်ရိုးစကားကြောင့်လား "
မောင် အားနာနာနဲ့ ပြောနေရသည်.. ရုတ်တရက်ကြီး အိမ်ပြောင်းတော့မယ် ဆိုတော့ စိတ်မကောင်း ။
လက်ထပ်ပြီးတဲ့နေ့ကတည်းက ဒီနေ့ထိ အတူနေလာခဲ့ကြတာ.. အရင်တုန်းက အိမ်ပြောင်းဖို့အကြောင်း အရိပ်အယောင်တောင် ပြခဲ့တာ မဟုတ်ဘူး.. အခုမှ ကောက်ကာငင်ကာ ပြောင်းမယ် ဆိုတော့ နောင်ရိုးနဲ့မောင့် စနက်မှ ကင်းပါလေစ.. ။
" မဟုတ်ပါဘူး.. ကျွန်တော့်ဘာသာ ကျွန်တော် ပြောင်းတာပါ "
" မောင်တို့နဲ့အတူနေရတာက မသက်မသာဖြစ်နေလို့လား.. အဲ့ဒါအတွက်ဆိုရင်လေ မောင်တို့ ဟို "
ကျွတ်.. ပြောမထွက်ဘူး ။
မောင်တို့ ဆင်ဆင်ခြင်ခြင် နေပါ့မယ်.. အပြုမူတွေထ်ိန်းသိမ်းပါမယ် လို့ ပြောထွက်ရအောင်လည်း ရှက်တယ်.. ဘယ်လိုပြောလို့ပြောရမှန်းတောင် မသိဘူး တကယ် ။
မောင် တဟိုဟိုနဲ့ စကားတွေ ထစ်နေခဲ့တဲ့အပြင် ခေါင်းကိုငုံ့ချကာ လက်တွေကိုပွတ်မိနေတာ.. မျက်နှာပူလိုက်တာနော် ။
အဟွန်း.. ဇာနည် မမထက်ပုံစံလေးကိုကြည့်ရင်း သဘောကျမိလို့ တီးတိုးရယ်မိရသည် ။
မမထက်သာ အခုလို ရှက်နေတာ.. ဟိုကောင်ကဖြင့် ရှက်ကြောနဲ့ ချက်ကြောမှားဖြတ်ခံထားရတဲ့ လူလို ပဲ.. ရှက်တတ်တာ မဟုတ်ဘူး ။
" မမထက် ကျွန်တော့်ကိုအားနာမနေပါနဲ့.. ကျွန်တော့်ဘာသာကျွန်တော်ပဲ "
" မင်း မနက်ခင်း ပြောင်းမှာမလား.. "
အခုမှ ဘေးနားရောက်လာတဲ့ နောင်ရိုးမင်းခေါင်.. ။
ကိ်ုယ့်သူငယ်ချင်း အိမ် ပြောင်းမယ့်ကိစ္စက သူနဲ့မဆိုင်သလိုပဲ.. အေးအေးလူလူဖြစ်နေလိုက်တာ ။
ESTÁS LEYENDO
သားကောင် (Unicode)
Romance" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...