Part (1)

28.8K 441 8
                                    

သားကောင်

🌸pann

Part (1)

ချွင်.. ။

" မင်္ဂလာပါရှင့်.. "

မောင် ဧည့်ကြိုလေးကို အသိမှတ်ပြုရင်း အပြုံးလေးတစ်ပွင့်နဲ့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်..။

ပြီး အလင်းရောင် ကောင်းကောင်းနဲ့ နေရာလွတ်ရှိမယ့်နေရာကို လှမ်းမျက်လုံးကစားရင်း ကြည့်လိုက်သေးတယ်.. နေရာလွတ်လေးတွေ့သည်နှင့် သွားထိုင်လိုက်သည် ။

" ဘာသုံးဆောင်မလဲဗျ.. "

ထိုင်ရုံပဲရှိသေးတယ် ဝိတ်တာကောင်လေးက အနားကို ရောက်လာပြီ.. ။

အဲ့ဒါကြောင့် ဒီဆိုင်ကို မောင် ကြိုက်နေရတာ.. ဝန်ဆောင်မှုကလည်း ကောင်းတယ် ဆက်ဆံရေးကလည်း ပြေပြစ်တယ် အစားသောက်က လည်း ကောင်းတယ် စျေးလည်းသင့်တင့်တယ် အားလုံး မောင်အကြိုက်တွေ့နေရတာချည်း.. ။

" အအေးပဲ သောက်ဦးမယ်.. "

" ဟုတ်ကဲ့ဗျ "

မောင် ထိုင်နေတာ ပြန်ပြင်ထိုင်ရင်း ဆံပင်လေးသပ်ကာ မျက်လုံးတစ်စုံက ဆိုင်အတွင်းထဲဝေ့ဝဲကြည့်မိတော့ မျက်လုံးတွေတောင် ရှက်သွားရသည်.. ။

အမလေးလေး.. ဆိုင်ထဲမှာ ဖြစ်ပျက်နေလိုက်တာ

ကောင်လေးနဲ့ကောင်မလေး ပူးကပ်ထပ်နေတဲ့အပြင် အမြင်မသင့်တယ်အောင် နမ်းရှုံ့နေရတယ်လို့.. ။

ဆိုင်ထဲမှာ သူတို့နှစ်ယောက် ပဲ ရှိတယ်ထင်နေလားမသိဘူး.. အမလေးလေး အမြင်မတင့်တယ်တဲ့ ပတ်ဝန်းကျင် ကြောင့် မောင် အရမ်းစိတ်ညစ်ညီးညူ ရတယ်..

ဖြစ်ချင်တော့ မောင်ထိုင်နေတာက သူတို့ကို ရှင်းရှင်းလင်းလင်းနဲ့ တွေ့နေရတဲ့နေရာမှာ မျက်နှာချင်းဆိုင်ထိုင်နေမိရတဲ့အဖြစ်.. ။

ကိုယ်ကလည်း နေရာကောင်းရွေးထိုင်ထားပြီးမှ နေရာမရွှေ့ချင်တာနဲ့ တိုးပြီ.. ဒီတော့ ကိုယ်လေးကို ခပ်စောင်းစောင်းထိုင်ပြီး အပြင်ဘက်ကိုသာ အကြည့်ပို့ထားရတယ်..

နောင်ရိုး သဲလေးနဲ့အနမ်းဖလှယ်နေရင်းကနေ မျက်ထောင့်မှာမြင်နေရတဲ့ မြင်ကွင်းလေးတစ်ခု..။

သားကောင် (Unicode) Donde viven las historias. Descúbrelo ahora