Part (12)

4.7K 187 0
                                    

သားကောင်

🌸pann

Part (12)

ငါးနှစ်ကြာသော်..

ကြၽီ.. ။

ချောက်.. ဒုန်း

" ဟော ငါကမင်းကို ပတ်ရှာနေတာ.. မင်းက ဘယ်သွားနေတာလဲ "

နောင်ရိုး အိမ်ထဲဝင်တာနဲ့ ဇာနည် က ဆီးမေးပြီ.. ။

" ဆံပင်သွားညှပ်တာ "

နောင်ရိုး ဖြေရင်း လှေကားတွေကိုဖြတ်နင်းလျှောက်နေလိုက်သည်.. ။

" မင်း ဆံပင်က ဘယ်လောက်ရှည်နေလို့ တော်ကြာနေရင်း သွားညှပ် ၊ တအောင့်နေ ရင်း သွားညှပ်နဲ့ မဖြစ်မနေညှပ်ရမယ်လို့ မင်းကို ဘယ်သူက ပုဒ်မချတရားစွဲနေလို့လဲ.. "

ဇာနည် လည်း နောင်ရိုးနောက်လိုက်ပြီး စကားဖောင်ဖွဲ့နေရသည်.. ။

ကိုယ်ပြောတာလည်း အလွန်တစ်ခုမှမပါ..

အရင်က ဆံပင်ကို အရှည်ထားမှ စတိုင်လွင့်တယ်ဆိုတဲ့ကောင်က အခုဆို သူသတ်မှတ်ထားတဲ့အရှည်လေးကနေ ဇီးရိုးပွိုင့်ဝမ်း လေး ရှည်တယ်ဆိုတာနဲ့ သွားသွားညှပ်ပြီ.. ။

ရပါတယ်.. သွားမညှပ်သေးလည်း ကိုယ်ကအကြံပေးလည်း မဟုတ်ဘူး ။

" မင်းဆံပင်သွားညှပ်တာလား ငါ့ဆံပင်ငါညှပ်တာကို.. "

" ဒီဆံပင်လေးကိုပဲ မင်းက သွားသွားခလုတ်တိုက်နေတာ.. "

" အာ ဇာနည်.. မင်း မိန်းမ ယူတော့ကွာ ငါ့ဘေးနားနေပြီး တအားပွမ်တာပဲ "

ဟုတ်တယ်.. ဟိုဟာလုပ် လုပ်ပြန်ပြီ ဒီဟာလုပ် လုပ်ပြန်ပြီနဲ့ မိန်းမတစ်ယောက် လိုပဲ လိုက်ပွက်ပွက်ဆူနေတာ ။

သူလည်း ခြံနဲ့ဝန်းနဲ့ ဝယ်ထားပြီးနေလည်းကိုယ့်အိမ်ပေါ် လိုက်နေပြီး စီမံခန့်ခွဲနေသေးတာ..

" ဟျောင့်.. မင်း မျက်စိရှုပ် နားရှုပ်နေတိုင်း ဇွတ်ယူခိုင်းမနေနဲ့ မင်းသာအရင်ယူဖို့လုပ် "

" တောက်..ကျွပ် ဂလု "

အခန်းထဲမှာ ထည့်ထားတဲ့ ရေခဲသေတ္တာသေးသေးလေးထဲက ရေဘူးတစ်ဘူးယူပြီး နောင်ရိုး မော့သောက်လိုက်သည်.. ။

သားကောင် (Unicode) Where stories live. Discover now