သားကောင်
🌸pann
Part (25)
" မုန့်တွေ အဆင်သင့် ပြင်ထားပြီးပြီလား.. ကိတ်မုန့်ရော ဘယ်ချိန်ရမယ်ပြောလဲ "
" မုန့်တွေအဆင်သင့် ပြင်ထားပြီးပါပြီ ကိုနည်..ကိတ်မုန့်အတွက်လည်း စိတ်မပူပါနဲ့ ဒီဟိုတယ်က စားဖိုမှူ းကိုယ်တိုင် ဖုတ်ပေးမှာ ကိုနည် "
" အေး.. အဆင်ပြေတာပေါ့ကွာ အဲ့တော့လည်း"
နှစ်ယောက်သား ခန်းမမှာဘာလိုအပ်နေလည်းဆိုတာ ဝင်စစ်ရင်း ပြောနေတာ.. ။
" ဧည့်သည်တွေ ဧည့်ခံဖို့ အစားသောက်ပစ္စည်း လုံလုံလောက်လောက် ဝယ်ထည့်ထားအုံး.. မလောက်မငှဆိုရင် မျက်နှာပျက်မယ် "
" ဟုတ်ကဲ့.. ဖြည့်ထားလိုက်မယ် ကိုနည် "
" အွန်.. ပွဲက ထားတော့ သတို့သား သတို့သမီးတွေရော ပြင်ဆင်ပြီးနေပြီလား "
" ကျွန်တော် တက်သွားကြည့်တော့ မမထက်ကရေချိုးပြီး မိတ်ကပ်တွေ ပြင်ဆင်နေပြီ..ကိုနောင်ကတော့ အိပ်ယာပေါ်မှာလှဲအိပ်ပြီး ဂိမ်းဆော့နေတယ် "
" ဘယ်လို.. မပြင်သေးဘူးလား အဲ့ကောင်က "
" ကျွန်တော်မေးတော့ ကိုနောင်က သူချောပြီးသားမို့ သိပ်ပြင်စရာမလိုဘူးတဲ့.. "
" လုပ်ပြန်ပြီ.. ဒီဘဝင်ရူးကောင်နဲ့တော့ အခုသူ့ဆီသွားမယ် "
" ဟုတ်ကဲ့ "
ကောင်းလွင်ကတော့ ကိုနည်နောက်လိုက်ရင်း ပါးစပ်ပိတ်ရယ်မိရသေးတယ်.. ဒီသူငယ်ချင်းနှစ်ယောက်ကလေ ။
.
" တီ........ တီ ဘုတ် ဘုတ် နောင်ရိုး ဟေ့ကောင် နောင်ရိုး တီ..တီ ဘုတ် "
ဇာနည် အခန်းဘဲလ်ကို တတီတီနဲ့ တီးနေတာ မကြားဘူးလားမသိ.. တံခါးဘဲလ်ကို တီးတာအားမရလို့ လက်ဝါးနဲ့ ရိုက်ပုတ်နေရသေးတယ် ဒါလည်း အထဲကကောင် နတ်ပြည်များတက်နေသလား ငရဲကိုပဲဆင်းနေလားမသိ.. ဘာသံမှကိုမထွက်လာတာ ။
ပါးစပ်အားကိုး သူကြားနိုး မလားဆိုပြီးအော်ခေါ်နေလည်း အထဲက ဘာသံမှမထွက်လာသလို.. တံခါးပွင့်ခြင်းလည်း မရှိ ။
STAI LEGGENDO
သားကောင် (Unicode)
Storie d'amore" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
