Part (33)

5K 143 1
                                    

သားကောင်

🌸pann

Part (33)

" နောင်ရိုး.. မင်း ဘာလုပ်နေတာလဲ "

တစ်ယောက်ထဲ ထမင်းစား စားပွဲမှာ အလုပ်တွေရှုပ်နေတဲ့ နောင်ရိုး .. ။

" ခဏနေ သိမယ်.. "

မယ် သူလုပ်နေကျအတိုင်း မျက်လုံးတစ်ဖက် က
အကြောလိုက်ပြနေပြန်ပြီ..

ညနေ သူအလုပ်စောဆင်းလာပြီး ရေချိုးအဝတ်စားလဲ လုပ်စရာရှိတာ အကုန်သွက်သွက်လုပ်ပြီး ဒီရောက်နေတာလေ.. ။

မေးတော့လည်း ကျွန်တော် ဘာလုပ်နေတာပါလို့ ဒဲ့မဖြေဘူး..

ကလေးနို့ဗူး ဗူးစွပ်ပုံစံ(နို့သီးခေါင်း) ခွက်ကို အနေတော် အပေါက်တွေဖောက်နေတာပဲ တွေ့တယ်.. ဘယ်နေရာမှာ ဘာအတွက် သုံးဖို့လဲတော့ မောင် မသိ ။

မပြောတော့လည်း မပြောနဲ့ပေါ့..

" သမီးရေ.. ခဏနော် ဖေကြီးလုပ်ပေးမယ် "

သမီးလေးရဲ့ပါးကို အသာကိုင်ပြီး လှည့်ပြောနေသေးတာ.. ။

" အင့်.. အဲ့ "

မောင်သမီးလေးကို ပွေ့ချီထားနေရင်းကနေ ခုန်ထွက်ပြီး အောက်ဆင်းဖို့ချောင်းနေတာ.. ။

" အို.. သမီးရယ် ဘာလုပ်မှာလဲ "

မောင် သမီးတောင်းဆိုနေသလို အောက်ချမပေး..အခုဆို သမီးလေးက လေးဘက်ကုန်းလေးနဲ့ တရွေ့ရွေ့သွားနေတတ်ပြီ ။

မောင်ချပေးလိုက်ရင် သမီးက လျှောက်ပတ်သွားပြီး တစ်ခုခုနဲ့ထိခိုက်ရင် ဘယ့်နှယ့်လုပ်မလဲနော်.. မဖြစ်ပါဘူး မောင် စိတ်ပူတယ် ။

" အီး အဲ့.. အဲ့ "

ပိုတောင် ရုန်းထွက်နေလာသေးတာ.. ။

" သမီးက ဘာလို့ငိုနေတာလဲ.. မေမေ ဘာလုပ်လို့လဲ ပြော ဖေဖေ့ကို "

" အို.. ငါက ငါ့သမီးကို ဘာလုပ်ရမှာလဲ အောက်မဆင်းရလို့ ငိုနေတာ "

" ဪ ဒါများ မောင်ရယ်.. ချပေးလိုက် ပြီးရော လာ လာ သမီး "

" မချပေးပါဘူး.. အိမ်မှာက ပစ္စည်းများကများနဲ့ ထိခိုက်သွားရင် ဘယ့်နှယ့်လုပ်မလဲ လှေကားထစ်တွေဘက် သွားရမသွားရ စဉ်းစားတတ်တဲ့အရွယ်လည်း မဟုတ်ဘူး "

သားကောင် (Unicode) Where stories live. Discover now