Part (17)

4.7K 170 0
                                    

သားကောင်

🌸pann

Part (17)

" ကိုယ့်မိန်းမကိုယ် နမ်းတာ ဘာဖြစ်လဲ.. "

" ဘာ.. "

သူ ဘာပြောလိုက်ပါလိမ့်.. မောင့်ကိုသူဘယ်လိုသုံးနှုန်းပြီး ရည်ညွှန်းပြောဆိုလိုက်တာပါလိမ့် ။

" မင်း ဘာပြောလိုက်တယ်.. "

မောင် ပြန်ပြီး မေးလိုက်တယ်.. မျက်နှာပြောင်တိုက်တာက တစ်ခုထိလောက်ပဲ ကောင်းမယ်

နောင်ရိုး ဒေါသအလျောက်ပြောမိပြီးမှ ပါးစပ်ကိုဘရိတ်အုပ်လိုက်လည်း မမှီတော့.. ပြောထွက်ခဲ့ပြီးနေပြီ ။

အခုလည်းမထူးတော့ဘူး.. မတတ်နိုင်ဘူး မထူးဇာတ်သာ ဆက်ကရုံပေါ့ ။

" ခင်ဗျားက ကျုပ်ဇနီး ဖြစ်နေပြီ.. ကျုပ်နမ်းတော့ ဘာဖြစ်လဲ ဘယ်သူ့ကို ကြောက်ရမှာလဲ "

" မင်း မျက်နှာပြောင်လှချည်လား.. ငါက ဘာကိစ္စ နဲ့ မင်းဇနီးဖြစ်ရမှာလဲ ခေါင်းရောကောင်းသေးရဲ့လား ဦးနှောက်ရောမှန်ပါသေးတယ်နော် "

" ကျုပ် ဘာမှမဖြစ်ဘူး.. ဦးနှောက်ပျက်စီးစရာလည်း မရှိဘူး "

" မရှိလို့သာပေါ့.. ရှိများရှိရင် ဘယ်လောက်တောင် ရူးကြောင်ကြောင်နိုင်တဲ့စကားတွေ ပြောလိုက်မလဲ မသိဘူးနော် "

" ကျုပ် ရူးကြောင်ကြောင်စကားတွေ မပြောတတ်ဘူး မောင်.. "

" မခေါ်နဲ့.. ငါ့ကို အဲ့လို မင်း တရင်းတနှီးမခေါ်နဲ့ မင်းနဲ့ငါက ရင်းနှီးကြတဲ့သူတွေမဟုတ်ဘူးနော် "

" ဘာလို့လဲ..စာချုပ်အရ လင်မယားတွေတောင် ဖြစ်နေတာ ဘာတွေ သူစိမ်းဖြစ်ချင်နေသေးတာလဲ ခေါ်တယ် ခေါ်တော့ ဘာဖြစ်လဲ ကျုပ်ပါးစပ်နဲ့ကျုပ်ခေါ်တာ "

ဇွတ်ကို သူစိမ်းဖြစ်ချင်နေတဲ့ မောင်ကြောင့် နောင်ရိုး မောင့်ပခုံးတွေကို ကိုင်ပြီးအော်ပြောလိုက်ရတယ်.. ။

ခင်ဗျားနဲ့ကျုပ်က သူစိမ်းတွေ မဟုတ်ဘူး မောင်..

" မင်း ရူးနေလား.. ဘယ်က စာချုပ်လဲ ဘာလင်မယားတွေလဲ မင်းမဟုတ်မဟပ်တွေ လျှောက်လျှောက်မပြောနဲ့ ဘေးလူတွေ ကြားပြီးတစ်မျိုးတစ်မည်တွေ ထင်ကုန်ရင်မင်းအတွက်ရော ငါ့အတွက်ရော မကောင်းဘူး သိရဲ့လား.. "

သားကောင် (Unicode) Donde viven las historias. Descúbrelo ahora