Part (18)

5.8K 173 0
                                        

သားကောင်

🌸pann

Part (18)

" နောင်ရိုး.. ညကြီး ဘယ်သွားအုံးမှာလဲ မင်းက "

အပေါ်ထပ်ကနေ ညအိပ်ဝတ်စုံ ဝတ်ပြီး ကားသော့တစ်ချောင်းဆော့ကစားရင်း ဆင်းလာတဲ့နောင်ရိုးကိုကြည့်ပြီး မေးလိုက်ရသည်.. ။

ကိုယ်တောင် ရေခပ်ပြီးအပေါ်တက်အိပ်တော့မှာကို.. သူက ဒီအချိန်ကျမှ ဘယ်ထွက်အုံးမယ်မသိ

" ငါ မောင့်ဆီသွားမလို့.. "

" ဟမ်..ဒီချိန်ကြီးကျမှ ဘာသွားလုပ်မလို့လဲ မင်းက "

" ငါ့မိန်းမအ်ိမ်ငါသွားတာ အချိန်ကြည့်နေစရာလိုလို့လား.. "

ဟော.. ကြည့် မောင်ပိုင်ကတပ်ပြပြန်ပြီ ။

" ကဲ ထား.. ညကြီးကျမှ အပြင်မှာဘာသွားလုပ်နေမှာလဲ မနက်ကျရင်လည်းတွေ့ရမှာပဲကို အိပ်မှာဖြင့်အိပ်စမ်းပါကွာ "

" ငါ အပြင်မှာ မနေတော့ဘူး "

" ဟမ်.. "

" ငါသွားပြီ.. ငါသော့ခတ်ပေးခဲ့မယ် မင်းအေးဆေးအိပ်နေလိုက် တော့ "

" ဟိုကောင်.. ဘယ်ချိန်ပြန်လာမှာလဲ "

အော်မေးနေလည်း နောင်ရိုးတို့ စကားမပြန်တော့.. ။

ဟူး.. ဒီကောင်နဲ့လည်းခက်ပါတယ်

.

မောင် အိပ်ယာဝင်ခါနီးလေး စာလေးနည်းနည်းဖတ်နေတဲ့ချိန် ဖုန်းဝင်လာလို့ ဘယ်သူများဆက်သလဲ ကြည့်တော့ သူ..

ဟွန့်.. မကိုင်ချင်ပါဘူး ဟင့်အင်း မောင် လုံးဝမကိုင်ဘူး ။

မောင် ဘေးနားမှာ ထားကာ စာအုပ်ကိုပြန်ကိုင်ပြီး ဖတ်နေလိုက်သည်..

ဖုန်းမကိုင်တော့ တတင်တင် တတောင်တောင်နဲ့ ဝင်လာတဲ့ မက်ဆေ့ခ်ျ တွေ.. ။

" အပြင်ခဏထွက်ခဲ့.. "

အားလို့ယားလို့ ထွက်ရမှာလား.. လုံးဝမထွက်ပါဘူး ။

" ခင်ဗျား မအိပ်သေးမှန်း ကျုပ်သိတယ်နော်..အခုထိ ခင်ဗျားအခန်း မီးလင်းနေတုန်း "

ဟမ်..တကယ် သူအပြင်မှာ ရောက်နေတာလား။

မောင် ကုတင်မှာလှဲအိပ်ရင်း ကနေ ထပြီး ပြတင်းပေါက်က လိုက်ကာစလေးကို အသာဖယ်ကာအပြင်လှမ်းကြည့်တော့ ဘာမှမမြင်ရ..။

သားကောင် (Unicode) Место, где живут истории. Откройте их для себя