Part (34)

6.4K 164 1
                                        

သားကောင်

🌸pann

Part (34)

" အမလေး "

ရေချိုးခန်းထဲမှာ ကိုယ်လက်သန့်စင်ပြီး ပြန်အထွက် တံခါးဝမှာပိတ်ရပ်နေတဲ့ နောင်ရိုးနဲ့တဲ့တဲ့တိုးလို့ လန့်မိပြီးအော်မိရသေးတယ်.. ။

" အဟင်းဟင်း.. "

သူက မောင် လန့်သွားတာကို ပျော်ပြီးတောင် ရယ်နေသေးတာ.. စေတနာ ကိုတုံးတယ်

" အမေ့.. ဘာလုပ်တာလဲ လွှတ် "

မောင် သူ့ကိုအမြင်ကတ်ကတ်နဲ့ စကားပြောမနေဘဲ ဘေးကနေ ဖြတ်လျှောက်ကျော်တက် လိုက်တော့ မောင့်ခါးကနေလှမ်းဆွဲဖက်ထားလိုက်သေးတာလေ.. ။

ကျွတ်.. အခုမှ လာဖက်နေလိုက်တာက

" ဖယ်လို့ပြောနေတယ်နော် နောင်ရိုး.. "

" မဖယ်ပါဘူး.. ဖယ်ဖို့စိတ်ကူးရှိရင် အစကတည်းက ခင်ဗျားကို ထိတောင်မထိခဲ့ဘူး "

တောက်.. လာပြန်ပြီ အဲ့အမြင်ကပ်ချင်စရာ စကား ။

သူ့လက်သုံးစကားလေ..

" ငါ့ကိုလာမထိနဲ့လို့ ပြောနေတယ်နော် နောင်ရိုး.. "

မောင် ဘုဆတ်ဆတ်ပြောရင်းနဲ့ မောင့်ခါးပေါ်ကသူ့လက်တွေကို ဖယ်ခွာနေလိုက်သည်..

" ရှူ း တိုးတိုး.. သမီးအိပ်နေတယ်လေ မောင် "

" ဒါဆို မင်းလွှတ်လေ.. "

မောင် သွားကြားစေ့ထဲက လေတိုးသံနဲ့ပြောလိုက်ရတယ်.. သမီးလေး နိုးသွားမှာစိုးလို့သာနော် အသံနိမ့်ပေးထားလိုက်တာ သူ့ကိုကြောက်လို့မဟုတ်ဘူး ။

" မလွှတ်ပါဘူး.. မောင် ခင်ဗျားယောကျာ်းဖက်တာလေးကို ဘာလို့အဲ့လောက် ဖြစ်နေတာလဲ သူစိမ်းမဟုတ်ဘူးဗျ "

" အခုထိ မင်းဖက်ထားတာတောင် လွန်လှပြီ..သူစိမ်းဆိုလို့ကတော့ ပြန်တွယ်ပြီးနေပြီ နားလည်လား "

" အိုး.. မောင် ဘာလို့အဲ့လောက် စိတ်ကြမ်းကိုယ်ကြမ်းဖြစ်နေရတာလဲ မိခင်တစ်ယောက်ဖြစ်ပြီး မိန်းကလေး ဆိုတာ နူးညံ့ရတယ်ဗျ.. ဘယ့်နှယ့် မောင့်မှာနူးညံ့တာကို မရှိဘူး နာမည်က အစကြည့်ပါလား ထက်အိနြေ္ဒမောင်တဲ့ မာထန်မှုကိုခံစားရတယ်.. ကျုပ်တော့ မိန်းမမှားယူမိပြီ အသက်ကလည်းကြီးသေးတယ် မိန်းကလေးဆန်ဆန်လည်း မနုရွတတ်ဘူး ရုပ်လည်းကျနေပြီ "

သားကောင် (Unicode) Where stories live. Discover now