သားကောင်
🌸pann
Part (22)
" ခွပ်... "
" ဝုန်း ဒုန်း... "
မောင့်ခါးကို ဖက်ကိုင်တွယ်ထားတဲ့ လက်တစ်စုံက လွတ်သွားတဲ့အပြင် ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေလည်း ကြားနေရတယ်.. ။
မောင် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ရပ်နေတာဆိုပေမယ့် ဘယ်လိုမှ မတ်မတ်ရပ်မရ.. ယိမ်းယိုင်နေတာကို သတိနဲ့ထိန်းနေပေမယ့် မျက်လုံးလေးအသာဖွင့်လိုက်သည်နှင့် အပေါ်တစ်ခုလုံး သုံးရာ့ခြောက်ဆယ် ဒီဂရီ ဝဲချာရမ်းနေတာမို့ ခြေတွေ ညွတ်ခွေခဲ့ရသည်.. ။
" မောင်.. မောင့် "
ဒီဘက်မှာ ဘုမသိဘမသိတဲ့ကောင်ကို ဆုံးမနေတုန်း နောက်နားလေးမှာရပ်နေတဲ့ မောင်က လဲကျနေတာမို့ အမှီပြန်ထိန်းဖက်ထားလိုက်ရတယ်.. ။
လူက ခေါ်နေတာတောင် သတိမကပ်နေတဲ့ မောင့်ပုံစံလေးကြောင့် ဒေါသက ဆတိုးလာရပြီ..
" မောင်.. တောက် ခင်ဗျား "
လက်ထဲမှာ ပျော့ခွေယိုင်နေတဲ့ မောင့်ကြောင့် စိတ်လဲဆိုး ၊ စိတ်လည်းပူ ၊ ဒေါသလည်း ထွက်တယ်.. တစ်ခုခု လုပ်ချင်လိုက်ချင်စိတ်က ထိုးထွက်နေတာ ဒါပေမယ့် ဘာကစအရင်လုပ်လိုက်ရမှန်း မသိဘူး ။
မောင် မျက်လုံးလေးကို အပြည့်အဝ မဖွင့်နိုင်ပေမယ့် နည်းနည်းလောက် ဖွင့်ကြည့်တော့ မပီမပြင်ဝိုးတဝါး ပုံရိပ်တစ်ခု..
မောင် သူ့ရင်ခွင်ထဲမှာရှိနေတာနဲ့တူတယ်.. မောင် ပုံရိပ်ဝါးကို ကြည်ကြည်လင်လင် လေးမြင်ရအောင် ကြိုးစားကာ ကြည့်လိုက်သည်.. ။
မောင်.. မောင် ဒီပုံရိပ်ကြီးနဲ့ ရင်းနှီးနေပါတယ်
နောင်ရိုး.. နောင်ရိုး မင်းလား.. မင်းမလား.. ။
" ဟျောင့် မင်းက ဘာလဲ.. "
မောင့်ကိုပွေ့ဖက်ထားနေတဲ့ ကိုယ့်ကို စောနကလှဲကျနေတဲ့ ကောင်ကထလာပြီး ပခုံးကိုဆောင့်တွန်း လိုက်တဲ့ကောင်ကြောင့် နောင်ရိုး နောက်ဘက်ကို ဖင်ထိုင်လဲကျရသည်.. ။
နောင်ရိုး ကိုယ်ကသာ ယိုင်လဲကျနေပေမယ့် မောင့်ကို မထိခိုက်အောင်တော့ ကာကွယ်ပေးထားလိုက်၏..
VOUS LISEZ
သားကောင် (Unicode)
Roman d'amour" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့် ဖြစ်တည်နေတာလား.." " မင်းအပေါ် ကောင်းကောင်း ဆက်ဆံရအောင် မင်းကရော ကောင်းနေသလား.. " . " ခင်ဗျား ပိုက်ဆ...
